Thursday, March 21, 2024

“နာဖော့စခန်းကို KIA သိမ်းပိုက်... KNLA ထိုးစစ်ကြာင့် စစ်ကောင်စီတပ်သားတွေ...


“နာဖော့စခန်းကို KIA သိမ်းပိုက်... KNLA ထိုးစစ်ကြာင့် စစ်ကောင်စီတပ်သားတွေ ထိုင်းဖက် ထပ်ထွက်ပြေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂- ၃- ၂၀၂၄)

ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ နာဖော့စခန်းအပါအဝင်  စစ်ကောင်စီတပ်စခန်း ၆ ခုကို (KIA) နဲ့ မဟာမိတ်တွေက မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာ The 74 Media က ဖေါ်ပြပါတယ်။

ဒီစခန်းတွေသိမ်းနိုင်ရေးအတွက် မတ်လ ၁၉ မှာစတင်ထိုးစစ်ဆင်ပြီး ၂၀ ရက်နေ့မှာ ကာကင်းတွေ၊ စခန်းငယ်တွေသိမ်းနိုင်ပြီး ၂၁ မနက်ကျမှ နာဖော့စခန်းကိုသိမ်းနိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းအရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

စခန်းကျသွားပြီဖြစ်ပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲနေဆဲလို့ဆိုပါတယ်။ လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ စခန်းတွေထဲက ဘွမ်ရာဘွမ်စခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းပြီးနောက် အခု နာဖော့ကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလောနဲ့ နွန်လန်းကျေးရွာရှိ  စစ်ကောင်စီတပ်စခန်း ၃ ခုကိုလည်း (KIA) နဲ့ မဟာမိတ်တွေက မနေ့ကစပြီး ထိုးစစ်ဆင်နေတယ်၊ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း The 74 Media က ဖေါ်ပြထားပါတယ်။

ကရင်ပြည်နယ်မှာတော့ ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ရေတလျောက် စစ်ကောင်စီစခန်းကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ မဟာမိတ်တွေက ဒရုန်းနဲ့ဗုံးကြဲတာကြောင့် စစ်ကောင်စီတပ်သား ၂၆ ဦး ထိုင်းနိုင်ငံဖက် ထပ်မံထွက်ပြေးလာတယ်လို့ KIC - Karen Information Center က ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လွယ်ပတာကုန်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် ဒုဗိုလ်မှူးကြီးတဦးအပါဝင် ၁၀ ဦးအထက် သေဆုံး...

- မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင် တိုးလ်ဂိတ်နားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More