Monday, March 4, 2024

“ဆွေးနွေးမှုအားလုံးဟာ ရှမ်းမြောက်ဒေသနဲ့ပဲသက်ဆိုင်ပြီး ရခိုင်ပြည်နှင့် ဆက...


“ဆွေးနွေးမှုအားလုံးဟာ ရှမ်းမြောက်ဒေသနဲ့ပဲသက်ဆိုင်ပြီး ရခိုင်ပြည်နှင့် ဆက်စပ်ခြင်းမရှိပါ”

- ဒေါက်တာညိုထွန်းအောင် (ဒု စစ်ဦးစီးချုပ် - ရက္ခိုင့်တပ်တော် - AA)

(၄- ၃- ၂၀၂၄)

“ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအဖြစ် ပြုလုပ်နေတဲ့ ဆွေးနွေးမှုအားလုံးဟာ ရှမ်းမြောက်ဒေသနဲ့ပဲသက်ဆိုင်ပြီး ရခိုင်ပြည်နယ်နှင့် ဆက်စပ်ခြင်းမရှိဘူး။ နယ်စပ်ဂိတ်ဖွင့်ရေးအတွက် အခွန်ငွေ အချိုးကျခွဲဝေရေးဆိုတာလည်း ဆွေးနွေးချက်ထဲမပါဘူး” လို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ ထပ်မံဆွေးနွေးတယ်။ အပစ်ရပ်ရေးသဘောတူချက်အပြင် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးအတွက်ပါ သဘောတူချက်ရတယ်... စသဖြင့် ဆိုရှယ်မီဒီယာမှာ သတင်းတွေပြန့်နေတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ဒေါက်တာညိုထွန်းအောင်ရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

(AA အဖွဲ့ရဲ့ သတင်းစာရှင်းပွဲက ထူးခြားချက်တွေကို အပိုင်းလိုက် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More