Saturday, March 16, 2024

“စစ်ကောင်စီဟာ နိုင်ငံရေးအပြင် လက်တွေ့ မြေပြင်မှာပါ ရှုံးနေပြီဆိုတာကို အာ...


“စစ်ကောင်စီဟာ နိုင်ငံရေးအပြင် လက်တွေ့ မြေပြင်မှာပါ ရှုံးနေပြီဆိုတာကို အားလုံးက သဘောပေါက်လာကြပြီဖြစ်တယ်”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၁၇ - ၃ -၂၀၂၄)

“စစ်ကောင်စီဟာ နိုင်ငံရေး ပြည်တွင်း-ပြည်ပမှာ ခေါင်းမဖေါ်နိုင်အောင် ရှုံးနိမ့်နေတဲ့အပြင် အခုဆိုရင် မြေပြင်မှာ စစ်ပွဲတွေရှုံးနေတာကို အားလုံးက သဘောပေါက်လာကြပြီဖြစ်တယ်။ ဒါကြောင့် အင်အားစုအားလုံးက နွေဦးတော်လှန်ရေးထဲ ပူးပေါင်းလာနေတာဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ထိုင်းပါလီမန်မှာကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲအပါဝင် ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်လာတာ၊ NCA လမ်းကြောင်းက အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲပါလာတာ၊ စစ်ကောင်စီဟာ နိုင်ငံရေးအရခေါင်းမဖော်နိုင်တဲ့အပြင် စစ်ရေးအရပါ ရှုံးနိမ့်လာနေတာတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထိုင်းပါလီမန်အတွင်းက မြန်မာ့အရေးဆွေးနွေးပွဲ နိုင်ငံရေးအရ ဘယ်လိုအဓိပါယ်ဆောင်သလဲ...

- ပအိုဝ်းအဖွဲ့၊ ကရင်-နယ်ခြားစောင့်အဖွဲ့၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲပါလာခြင်းက ဘယ်လောက်ခွန်အားဖြစ်စေနိုင်သလဲ...

- တော်လှန်ရေးတပ်ပေါင်းစုရဲ့ထိုးစစ်က စစ်ကောင်စီကို ဘယ်လောက်အထိ ဖြိုချနိုင်နေပြီလဲ...

- စစ်အာဏာရှင်အလွန်ခေတ်အတွက် တော်လှန်ရေးအင်အားစုတွေ ဘယ်လောက်အထိ ရက်ဒီ- ဖြစ်နေပြီလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More