Friday, March 15, 2024

“ရသေ့တောင်မြို့သိမ်းနိုင်ရေး AA က စစ်ရှိန်မြှင့်... KIA နဲ့ KNLA တို့က စ...


“ရသေ့တောင်မြို့သိမ်းနိုင်ရေး AA က စစ်ရှိန်မြှင့်... KIA နဲ့ KNLA တို့က စစ်ကောင်စီရဲ့ ဗျုဟာကုန်းတွေကို သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၆- ၃- ၂၀၂၄)

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေကို AA ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်နေပြီး ဝိုင်းရံပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေကို ပြုလုပ်နေတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတပ်စခန်းတွေကတော့ ရသေ့တောင်မြို့အခြေစိုက် “ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈)” တပ်ရင်းဌာနချုပ်စခန်းတွေ၊ ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်း၊ မောင်တောမြို့နယ်အတွင်းက လက်ကျန်နယ်ခြားစောင့်စခန်း အချို့ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဖက် ရာနဲ့ချီထွက်ပြေးတာတွေလည်းရှိနေပါတယ်။ ဒီမြို့နယ် ၃ ခုမှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေအားလုံးကို သိမ်းနိုင်အောင်၊ စစ်ကောင်စီကင်းစင်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာတော့ လိုင်ဇာဌာနချုပ်ကို စစ်ရေးအရခြိမ်းခြောက်နေတဲ့ ဘွမ်ရယ်ဘွမ်တောင် စစ်ကောင်စီ ဗျုဟာကုန်းကို မနေ့က နေ့လယ် ၂ နာရီခန့်မှာ အပြီးသိမ်းပိုက်ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ် (KIA) က BNN ကို ပြောပါတယ်။ 

ဒါ့အပြင်...

- ဆွမ်ပရာဘွမ်ဖက်မှာလည်း KIA နဲ့ မဟာမိတ် PDF တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆက်လုပ်နေပြီး ဆွမ်ပရာဘွမ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ...

- ကော့ကရိတ်မြို့နယ်‌ တောင်ပိုင်းရှိ ကျိုက်ဒုံ စစ်‌ကောင်စီဗျူဟာကုန်းကို KNLA နဲ့ မဟာမိတ်တွေက သိမ်းပိုက်စဉ် ဗျူဟာမှူးအပါအဝင် (၆၆) ဦး အလံဖြူထောင် လက်နက်ချ...

- မုဒုံမြို့နယ်၊ ကမာဝက်မြို့ နယ်မြေ ရဲစခန်းမှူးစီးလာတဲ့ ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြားဖြတ် တိုက်ခိုက်...

- ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတဲ့အတွက် ကျောင်းဆောင် ၂ ခုပျက်စီးပြီး  ကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More