Wednesday, March 13, 2024

“ဖားကန့်မှာ KIA က စခန်းသိမ်း... မြဝတီဖက်မှာ KNLA က စခန်းသိမ်း... နောက်ဆု...


“ဖားကန့်မှာ KIA က စခန်းသိမ်း... မြဝတီဖက်မှာ KNLA က စခန်းသိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၄- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြိုနယ်၊ မအီမြို့အနီးရှိ မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတားတို့ကို စစ်ကောင်စီတပ်က အစီစဉ်ရှိရှိ မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့  စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ဆေးအရာခံဗိုလ်မျိုးခန့်က ပြောတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်မှာ မအီမြို့တပ်စခန်းကနေ စွန့်ခွာဖို့ အထက်အမိန့်ရရှိခဲ့ပြီးနောက် ၁၆ ရက် မနက် ၈ နာရီခွဲခန့် မအီမြို့ကနေ စတင်ထွက်ခွာစဉ် မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတားတွေကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆေးအရာခံဗိုလ်မျိုးခန့်က AA က ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ပြောထားပါတယ်။

ဒီနေ့ထုတ်ပြန်ချက်ထဲမှာ စခန်းသိမ်းတိုက်ပွဲ မတွေ့ရပေမယ့် မတ်လ ၁၂ ရက်နေ့ကတော့ မောင်တောမြိုနယ်မြောက်ပိုင်းရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA က အပြီး သိမ်းလိုက်ပြီလို့ဖေါ်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိတဲ့အပြင် စစ်ကောင်စီတပ်သား အများအပြားဟာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာတော့ လိုင်ဇာဌာနချုပ်ဝန်းကျင်ရှိ ဗျုဟာအရ အရေးပါတဲ့ တောင်တန်းတွေပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ် KIA ပြောခွင့်ရက BNN ကို ပြောပါတယ်။ 

ဖားကန့်ဖက်မှာလည်းတိုက်ပွဲတွေရှိနေပြီး တန် ၃၀၀၀ စခန်းကို သိမ်းလိုက်ပြီဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင်...

-  အောင်မြေ ၂ မှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်ကို ကယ်ထုတ်နိုင်ခဲ့...

- မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ(၃၅၅)စခန်းနဲ့ ဖလူး-မဆုတ်တန်းခံစစ်စခန်းကို KNLA တပ်မဟာ(၆) နဲ့ မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်..

- ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ခန့်ရှိ နမ့်ဟူးတရွာလုံး မီးလောင်ပျက်စီး...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More