Tuesday, March 19, 2024

“တနိုင်းဖက်မှာ KIA က စခန်းသိမ်း... KNLA ရဲ့တိုက်ခိုက်မှုကြောင့် စကစ စစ်သ...


“တနိုင်းဖက်မှာ KIA က စခန်းသိမ်း... KNLA ရဲ့တိုက်ခိုက်မှုကြောင့် စကစ စစ်သားတွေ ထိုင်းဖက်ထွက်ပြေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၀- ၃- ၂၀၂၄)

AA က္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မင်းပြားမြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၂၂ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

မတ်လ (၁၈) ရက်၊ ည (၁) နာရီခွဲခန့်မှာ မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာကို အခုလို တိုက်ခိုက်တာဖြစ်ပါတယ်။ ဒဏ်ရာရ အပြစ်မဲ့ပြည်သူ (၂၉) ဦးကို ULA/AA ဆေးတပ်ဖွဲ့ဝင်တွေက ဆေးကုသပေးနေတယ်လို့ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ပွဲတိုင်း ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရှက်ရ ဒေါသထွက်နေပြီး အပြစ်မဲ့ပြည်သူလူထုတွေ၊ နေအိမ်များ၊ ဈေးတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်နေရာတွေ၊ သာသနိကအဆောက်အအုံတွေပါမချန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့ပြင် ၁၀ မိုင်ခန့်အကွာရှိ နမ်ဂေါန်ကျေးရွာက (ခ.လ.ရ) ၂၉၇- လက်အောက်ခံ စစ်တပ်စခန်းတခုကို မတ်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာ The 74 Media  က ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ တပ်မဟာ(၆) နယ်မြေ ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သား ၄၀ ကျော် ထိုင်းနိုင်ငံဖက် ထွက်ပြေးလာတဲ့ ဗီဒီယို ကလစ်တွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေ...

-  တိုက်ပွဲတခါမှမဖြစ်သေးပဲ ငြိမ်နေတဲ့ တပ်မဟာ (၇) နယ်မြေ မဲသဝေါဖက်မှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်တယ်လို့ KIC -က ဖေါ်ပြ...

- ထားဝယ်ခရိုင် သရက်ချောင်းမြိုနယ်ရှိ ပျုစောထီးစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ၅ ဦးသေပြီး လက်နက်ငယ် ၂ လက်ရရှိ...

- မွန်ပြည်နယ်နဲ့ တနသာၤရီတိုင်းအစပ်၊ ရေး-ထားဝယ်လမ်းပေါ်က မလွဲတောင်နဲ့ ကလိန်အောင်ကြားမှာ နယ်မြေစိုးမိုးရေးအတွက် ကားတွေကို စစ်ဆေးပြီး လူထုနဲ့လည်း တွေ့ဆုံစကားပြောခဲ့တယ်လို့ တော်လှန်ရေးတပ်တွက သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More