“စစ်မှုထမ်းဥပဒေက ချင်းတောင်ကို ရိုက်ခတ်မှု မရှိသလောက်ပါပဲ”
- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(၁- ၃- ၂၀၂၄)
“စစ်ကောင်စီက ပြဌဏ်းလိုက်တဲ့ စစ်မှုမထမ်း ဥပဒေကြောင့် စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြို့ပြကလူငယ်တွေ အထိန့်တလန့်နဲ့ပြေးလွှားနေရပေမယ့် စစ်ကောင်စီထိန်းချုပ်မှုပြင်ပ၊ လွတ်မြောက်နယ်မြေတွေမှာတော့ ဒီဥပဒေက သက်ရောက်မှုမရှိဘူး။ မြို့ပေါ်ကလူငယ်တွေ ကျေးလက်ကိုဆင်းလာတာနဲ့ အဲဒီဥပဒေကို ကြောက်စရာမလိုတော့ဘူး” လို့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်မှူမထမ်းမနေရ ဥပဒေကြောင့် လူငယ်တွေ ထောင်၊ သောင်းချီပြီး ထိုင်းနိုင်ငံကို ထွက်ပြေးနေတာ၊ PDF ထဲ ဝင်ကြတာ၊ ဒီလို တော်လှန်ရေးထဲ အစုအပြုံလိုက်ဝင်လာတဲ့ လူငယ်တွေကို လက်နက်တပ်ဆင်မှုလုပ်ပေးနိုင်-မနိုင် အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- စစ်မှူထမ်းဥပဒေက ချင်းတောင်ကို ဘယ်လိုဂရက်ရိုက်မှု ရှိသလဲ...
- ထွက်လာသမျှ လူငယ်အားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ခြင်းရှိ-မရှိက တော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ...
- လူအင်အား၊ လက်နက်အင်အားအပြင် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့တပ်၊ အမိန့်နာခံမှုရှိတဲ့တော်လှန်ရေးတပ်ဖြစ်လာအောင် ဘာတွေလုပ်ဖို့လိုအပ်နေသလဲ...
... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ချင်းတောင်ပေါ်က တောလှန်ရေးအဖွဲ့တွေကြား ပွတ်တိုက်မှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment