Sunday, March 10, 2024

“ကချင်နဲ့ ကရင်မှာ တိုက်ပွဲပြင်းထန်... မွန်ဖက်မှာလည်း စစ်ရေးလှုပ်ရှုားမှု...


“ကချင်နဲ့ ကရင်မှာ တိုက်ပွဲပြင်းထန်... မွန်ဖက်မှာလည်း စစ်ရေးလှုပ်ရှုားမှုတိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၁- ၃- ၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုကနေ ဆွမ်ပရာဘွမ်မြို့ကို စစ်ကူလာတဲ့ ခ.လ.ရ (၁၃၇)  စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုကခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အထိနာခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန The 74 Media ကဖေါ်ပြပါတယ်။

မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်၊ ဝဒတ်ရွာနဲ့ ဆွမ်ပီယန်ရွာကြားမှာ အခုလိုတိုက်ခိုက်တာဖြစ်ပြီး  စစ်ကားလေးစီးထဲက တစီးမီးလောင်ပျက်စီးသွားတယ်။ အင်အား ၅၀ ကျော်ထဲက အချို့ သေဆုံးမှုရှိတယ်လို့ကြားရပေမယ့် အသေးစိပ်မသိရသေးဘူးလို့ KIA အရာရှိတဦး ပြောတာကို ကိုးကားဖေါ်ပြထားပါတယ်။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း KIA နဲ့ PDF မဟာမိတ်တွေ သိမ်းပိုက်တဲ့ တပ်စခန်း ၂၀ ဝန်းကျင်ထဲမှာ ဆွမ်ပရာဘွမ်မြို့အနီးက စစ်ကောင်စီတပ်စခန်းတခုလည်း ပါဝင်တယ်လို့ The 74 Media က ဖေါ်ပြထားပါတယ်။

ကရင်နီဒေသမှာတော့ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်း လွိုင်ကော်၊ ရှားတော၊ ဘောလခဲနဲ့ ဖယ်ခုံမြို့နယ် ၄ ခုမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ (၁၂) ရက်မှာ ရှားတောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က လချုပ်သတင်းထုတ်ပြန်ပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး ၊ ဒုရဲမှူးတွေအပါအဝင် တပ်ဖွဲ့ဝင် (၁၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ မိသားစုတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်။ လက်နက်ခဲယမ်းတွေလည်း များစွာသိမ်းမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ မြဝတီမြိုနယ် သင်္ဃန်းညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ ဗျုဟာကန်ုးနဲ့ အခြေစိုက်တပ်ရင်းတွေကို KNLA နဲ့  မဟာမိတ် PDF တွေက သိမ်းပိုက်ဖို့ကြိုးစားနေ...

- စစ်ကိုင်းနဲ့ အုန်းတောနယ်မြေအတွင်း ခရီးသွားကားတွေကို အခွန်ကောက်နေတဲ့ ရွာသစ်ကြီးရဲစခန်းကို ဒေသခံ PDF တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ရဲ ၄ ဦးသေဆုံးပြီး လက်နက်ငယ် ၄ လက်သိမ်းမိ...

- မွန်ပြည်နယ် ရေးမြို့နယ်မှာတော့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းအလိုက် လှုပ်ရှားနေတာတွေ့ရ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More