Tuesday, March 12, 2024

“စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ် အကူအညီပေးဖို့လိုနေတယ်ဆိုတာကို အဓိကတင်ပြ...


“စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ် အကူအညီပေးဖို့လိုနေတယ်ဆိုတာကို အဓိကတင်ပြခဲ့ပါတယ်”

- နန့်ဇိုယာဖန်း (Programme Director - Burma Campaign UK)

(၁၂- ၃- ၂၀၂၄)

“သန်းနဲ့ချှီရှိနေတဲ့ မြန်မာနယ်စပ်က စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီကို စစ်ကောင်စီကနေတဆင့် ပေးလို့မရောက်နိုင်ဘူး။ ထိုင်းနယ်စပ်ကနေ ဖြတ်ပြီး တိုက်ရိုက်ပေးမှ အလုပ်ဖြစ်မယ်ဆိုတာကို တင်ပြခဲ့တယ်။ ထိုင်းလွှတ်တော်အမတ်တွေကို ဒီတင်ပြချက်ကို လက်ခံတယ် ယုံကြည်ပါတယ်” လို့ Burma Campaign UK ရဲ့ Programme Director နန့်ဇိုယာဖန်းက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် (မတ်လ ၂-၃) က ဘန်ကောက်မြို့ ထိုင်းပါလီမန်အတွင်းကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ (Towards a Democratic Myanmar and Its Impact on Security Along the Thai Border) မှာ ဘာတွေတင်ပြခဲ့သလဲ၊ ထိုင်းအစိုးရဖက်က သဘောထားပြောင်းလာပြီလား၊ စစ်ဘေးရှောင်တွေကို နယ်စပ်ဖြတ်အကူအညီပေးရေးလုပ်ငန်းတွေ စတင်နိုင်တော့မလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ NUG, NUCC, ERO ကိုယ်စားလှယ်တွေကို ထိုင်းပါလီမန်က တရားဝင်ဖိတ်ကြားဆွေးနွေးခြင်းက ဘယ်လိုထူးခြားချက်တွေရှိသလဲ...

- နယ်စပ်ဒေသက မြန်မာ စစ်ဘေးရှောင်တွေကို အကူအညီပေးရေးအတွက် စစ်ကောင်စီလက်အောက်ခံ ကြက်ခြေနီနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အစီစဉ်အပေါ် ဘယ်လိုငြင်းချက် ထုတ်ကြသလဲ...

- ထိုင်းအပါဝင် နိုင်ငံတကာဖိအား ဒီထက်တိုးပြီး ထိရောက်မှု ပိုရှိလာအောင် နိုင်ငံတကာရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဘယ်လို Campaign တွေ ဆောင်ရွက်သင့်သလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More