Saturday, March 30, 2024

“တရုတ်-ဓါတ်ငွေ့ပိုက်လိုင်းအနီး လက်နက်ကြီးပေါက်ကွဲ... ဆီဆိုင်မြို့မှာ တို...


“တရုတ်-ဓါတ်ငွေ့ပိုက်လိုင်းအနီး လက်နက်ကြီးပေါက်ကွဲ... ဆီဆိုင်မြို့မှာ တိုက်ပွဲဆက်ဖြစ်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃၁- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ တရုတ်-ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းအနီးမှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

မတ်လ ၂၈ ရက် ညပိုင်းမှာ အမ်းမြို့နယ်ရှိ တစ်မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ တရုတ်ရေနံပိုက်လိုင်းဖြတ်သန်းရာ ဇင်ဂုန်အထက်ရွာနဲ့ ဇင်ဂုန်အောက်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြထားပါတယ်။

ဇင်ဂုန်ရွာဖက်မှာ တိုက်ပွဲဖြစ်တယ်လို့မကြားရသေးပေမယ့် လုံးကျေးရွာဖက်မှာတော့ မတ်လ ၂၆ ရက်နေ့က ခမရ (၃၄၆)တပ်နဲ့ AA တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရင်း ၁၄ ခုရှိပြီး အားလုံးကို လက်နက်ချဖို့ AA က သတိပေးထားတယ်လို့ Western News က ဖေါ်ပြပါတယ်။

ဒါ့အပြင် AA က သိမ်းပိုက်ထားပြီးဖြစ်တဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဖေါ်ပြပါတယ်။ မတ်လ ၂၉ ညပိုင်းက တိုက်ခိုက်မှုမှာဆိုရင် မင်းပြားမြို့နယ် သေကန်ကျေးရွာက ဘုန်ကြီးကျောင်းကို ထိမှန်ပြီး ဘုန်းတော်ကြီးဒဏ်ရာရတဲ့အပြင် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း Western News က ဖေါ်ပြပါတယ်။

AA ရက္ခိုင့်တပ်တော်ကတော့ ဒီနေ့ တိုက်ပွဲသတင်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

တရုတ်-မြန်မာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားလိုက်ပြီ၊ စစ်ကောင်စီ ဝန်ထမ်းတွေအားလုံး တရုတ်ဖက်ထွက်ပြေးသွားပြီဆိုပြီး ဒေသတွင်းမီဒီယာတွေအပါဝင် မီဒီယာအတော်များများမှာ ဖေါ်ပြနေပါတယ်။

ဒါပေမယ့် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ အဲဒီသတင်းကို အတည်ပြုချက်ပေးဖို့ ငြင်းဆိုပြီး လွယ်ဂျယ်မှာ ပုံမှန်အတိုင်းရှိနေဆဲဖြစ်တယ်လို့ BNN ကိုပြောပါတယ်။

ဒါ့အပြင်...

- ရှမ်းတောင်ဒေသ ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပေမယ့် စစ်ကောင်စီက သတင်းမှားတွေဖြန့်ပြီး အရပ်သားတွေကို စစ်ဇုန်ထဲ မောင်းသွင်းနေတယ်လို့ PNLA က သတင်းထုတ်ပြန်...

- မကွေးတိုင်း၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်း အပတ် (၁) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More