Monday, March 4, 2024

“ခွဲထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုုးက...


“ခွဲထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုုးကျပါတယ်”

- ခိုင်သုခ (ပြောခွင့်ရပုဂ္ဂိုလ် - ရက္ခိုင့်တပ်တော် - AA )

(၄- ၃- ၂၀၂၄)

“ရက္ခိတလမ်းစဉ်ဆိုတာဟာ ရက္ခိုင့်ကံကြမ္မာ ရက္ခိုင်ဖန်တီးရေးဖြစ်တယ်။ ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို လိုချင်တယ်။ သီးခြားခွက်ထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်” လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့တွေတမြို့ပြီးတမြို့ သိမ်းပိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) က အနာဂတ်မှာ ဘယ်လိုအုပ်ချုပ်ရေးပုံစံနဲ့သွားမှာလဲ။ ဖက်ဒရယ်မူလား- ကွန်ဖက်ဒရေးရှင်းလား- သီးခြားခွဲထွက်ရေးလား... စသဖြင့် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် ခိုင်သုခက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်အပြင် အခြားဘယ်ဒေသတွေမှာ လှုပ်ရှားနေသလဲ၊ ဒေသအသီးသီးက PDF တွေကို ဘယ်လိုသဘောထားသလဲ၊ အကူအညီပေးဖို့ ရှိသလား...

- ရက္ခိုင့်ပြည်အနာဂတ်ကို ရက္ခိတလမ်းစဉ်အတိုင်းသွားမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဖက်ဒရယ်လား- ကွန်ဖက်ဒရေးရှင်းလား- သီးခြားခွဲထွက်ရေးလား...

- စစ်ကောင်စီရဲ့ဖိနှိပ်တဲ့လုပ်ရပ်တွေက အတူတူမနေနိုင်တော့တဲ့အဆင့်အထိ ရောက်လာနေပြီလား...

... စတဲ့အကြောင်းအရာတွေကို မေးမြန်းတင်ပြထားပါတယ်။

(AA အဖွဲ့ရဲ့ သတင်းစာရှင်းပွဲက ထူးခြားချက်တွေကို အပိုင်းလိုက် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More