Sunday, March 24, 2024

“မောင်တောမြို့နယ်မှာ AA က စခန်းသိမ်း... မိုးမောက်နဲ့ မံစီမှာ KIA က စခန်း...


“မောင်တောမြို့နယ်မှာ AA က စခန်းသိမ်း... မိုးမောက်နဲ့ မံစီမှာ KIA က စခန်းသိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၅- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း-နယ်ခြားစောင့်တပ်စခန်းအနီးရှိ ရန်အောင်မြင်-စခန်းကို မတ်လ (၂၃) ရက်မှာသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီအလောင်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတယ်လို့ AA  ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အဓိက နယ်ခြားစောင့်စခန်းကြီး  ကြိမ်ချောင်းစခန်းကိုသိမ်းနိုင်ရေအတွက် တလနီးပါးကြာ ထိုးစစ်ဆင်နေစဉ် အနီးဝန်းကျင်က ရန်အောင်မြင်-စခန်းကို အရင်သိမ်းလိုက်တာဖြစ်ပါတယ်။ ကြိမ်ချောင်းစခန်းကိုလည်း အတိုင်းအတာတခုအထိ သိမ်းထားပြီးဖြစ်တဲ့အတွက် အပြီးသတ် သိမ်းနိုင်ရေး စစ်ရှိန်မြှင့်နေတယ်လို့ AA က ပြောပါတယ်။

တချိန်တည်းမှာပဲ မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း AA က ထိုးစစ်ဆင်နေပြီး စခန်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းစဉ်  အလောင်း ၂၀ ကျော်နဲ့လက်နက်ခဲယမ်းတွေ သိမ်းမိတားတယ်လို့ဆိုပါတယ်။

ဒ့ါအပြင် ဖေဖော်ဝါရီလ (၂၄) ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းဌာနချုပ်သိမ်းနိုင်ရေးအတွက်လည်း စစ်ရှိန်မြှင့်နေတယ်လို့ AA ကပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင်ရွာစခန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၁၂ ဦးကို ချေမှုန်းခဲ့ပြီး ဘူးသီးတောင်တခုလုံး သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မိုးမောက်မြို့နယ်နဲ့ မံစီမြိုနယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ၂ ခုကို KIA က ထပ်မံသိမ်းပိုက်၊ တပ်ရင်းတခုက ပြန်မတိုက်ပဲ ထွက်ပြေး...

- ကရင်နီဒေသမှာတော့ သံလွင်အရှေ့ဘက်ခြမ်းက မယ်စဲ့နဲ့  ရှားတောမြို့နယ်တို့ဟာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာပြီး နောက်ထပ် ၅ မြို့ကိုလည်း သိမ်းထားပြီးဖြစ်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်...

- ကရင်ပြည်နယ်၊ ဖားပွန်မြို့ကို လုံခြုံရေးယူပေးထားတဲ့ မောထကိုး စစ်စခန်းကို KNLA- အမှတ်(၅) တပ်မဟာရဲ့ ဒရုန်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရှင်းလင်း...

- တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့-တာဝါတိုင်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ၆၀ မမ အပါဝင် လက်နက် ၄ လက် သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More