Monday, March 25, 2024

“ကော့ဘိန်းနယ်မြေ ရဲစခန်းကို KNLA က သိမ်းပိုက်... မချမ်းဘောမြို့နယ်က စစ်က...


“ကော့ဘိန်းနယ်မြေ ရဲစခန်းကို KNLA က သိမ်းပိုက်... မချမ်းဘောမြို့နယ်က စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၆- ၃- ၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက မတ်လ ၂၅ ရက်မှာ သိမ်းပိုက်လိုက်ပြီး လက်နက်များစွာနဲ့ သုံ့ပန်းများစွာဖမ်းမိတယ်လို့ Lion Battalion က သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ ၆ နယ်မြေ၊  ဒူးပလာယာခရိုင်အတွင်းရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၄ ရက်၊ မနက် ၇ နာရီမှာ ထိုးစစ်ဆင်ပြီး မတ်လ ၂၅ ရက် နေ့လယ် တနာရီခန့်မှာ သိမ်းမိတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဖက်က လေကြောင်းပစ်ကူအပြင်းအထန်လုပ်နေတဲ့ကြားကနေ စခန်းကိုသိမ်းနိုင်ခဲ့တာဖြစ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်း ၅ လောင်းကျန်ခဲ့ပြီး သုံ့ပန်း ၂၃ ဦးကို ဖမ်းဆီးခဲ့တယ်၊ လက်နက်ကြီး-ငယ်မျိုးစုံ ၂၇ လက်ရရှိတယ်လို့ ဓာတ်ပုံ-ဗီဒီယို မှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

အညံခံသူ ၂၃ ဦးနဲ့ မိသားစုဝင် ၁၈ ဦးတို့ကို လူအခွင့်ရေးနှင့်အညီ ထိန်းသိမ်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံသို့ စနစ်တကျလွဲပြောင်းပေးခဲ့တယ်။ စစ်ကောင်စီအောက်မှာ တာဝန်မထမ်းချင်တဲ့ စစ်သားတွေအားလုံး CDM လုပ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လည်း ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။

ဒီတိုက်ပွဲမှာပါဝင်တဲ့တော်လှန်ရေးတပ်တွေကတော့ KNLA လက်အောက်ခံ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion ဗျူဟာ စစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ(AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊ KNDO တပ်ရင်း ၆၊ စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့ နဲ့ အယ်ဖာဘတ်-ဒရုန်းအဖွဲ့ တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ အလန်ဂါးကျေးရွာရှိ စစ်ကောင်စီစခန်းက တပ်ဖွဲ့ဝင်တွေ မတ်လ ၂၄ ရက်မှာ စခန်းကိုစွန့်ခွာထွက်ပြေးသွား...

- ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်စခန်းကို လေယာဉ်နဲ့လာချပေးတဲ့ ရိက္ခာထုတ်တွေကို  KIA က သိမ်းဆည်းရမိ...

- မွန်ပြည်နယ်အခြေစိုက် ရေးပြောက်ကျားတပ် (YGF) နဲ့ ဒေါနစစ်ကြောင်းတပ်ခွဲ (3) တို့က အခြေခံစစ်သင်တန်းဆင်းပွဲတခု မတ်လ ၂၄ ရက်နေ့က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More