Sunday, March 17, 2024

“ရသေ့တောင်မြို့ကို AA သိမ်းပိုက်... ကလေးမြို့တိုက်ပွဲမှာ လက်နက် ၂၀ နီးပါ...


“ရသေ့တောင်မြို့ကို AA သိမ်းပိုက်... ကလေးမြို့တိုက်ပွဲမှာ လက်နက် ၂၀ နီးပါးရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၈- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် “ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈)” တပ်ရင်းဌာနချုပ် (၃) ခုစလုံးကို မတ်လ (၁၇) ရက်၊ ညနေ (၄) နာရီခန့်မှာ AA ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ပြီလို့ AA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဖက်ကနေ ကြည်း၊ ရေ၊ လေ အစုံသုံးပြီး အပြင်းအထန်ခုခံနေတဲ့ကြားက အခုလို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအင်အား ၂၀၀ ခန့်ဟာ စစ်သင်္ဘောတွေနဲ့  ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားပေမယ့် စစ်မှုထမ်းဥပဒေသစ်အရ လောလောလတ်လတ် စစ်သင်တန်းပေးထားတဲ့ ဘင်္ဂလီအချို့ရဲ့ အလောင်းတွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းမိတယ်လို့ AA က ပြောပါတယ်။

ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်မြင့်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရသေ့တောင်မတိုင်ခင် AA က သိမ်းပိုက်ခဲ့တဲ့မြို့တွေကတော့ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊ ရမ်းဗြဲ တို့ဖြစ်တဲ့အတွက် အားလုံး ၉ မြို့ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံဗျုဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး-ငယ် ၁၀၀ နီးပါး ရရှိတယ်လို့ KNLA စစ်ရုံးချုပ်က သတင်းထုတ်ပြန်...

- မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သက္ကော့ကျေးရွာရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်...

- စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး စစ်ကြောင်း ၂- ခုကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် လက်နက်မျိုးစုံ (၁၉) လက်ရရှိ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More