Friday, March 15, 2024

“ဘွမ်ရယ်ဘွမ် စစ်ကောင်စီ ဗျုဟာကုန်းကို KIA သိမ်းပိုက်... ကျိုက်ဒုံ ဗျူဟာမ...


“ဘွမ်ရယ်ဘွမ် စစ်ကောင်စီ ဗျုဟာကုန်းကို KIA သိမ်းပိုက်... ကျိုက်ဒုံ ဗျူဟာမှူးနှင့်အဖွဲ့ အလံဖြူထောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၅- ၃- ၂၀၂၄)

လိုင်ဇာဌာနချုပ်အနီးရှိ ဘွမ်ရယ်ဘွမ်တောင် စစ်ကောင်စီ ဗျုဟာကုန်းကို ဒီနေ့ နေ့လယ် ၂ နာရီခန့်မှာ အပြီးသိမ်းပိုက်ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ် (KIA) က BNN ကို ပြောပါတယ်။ ဒီစခန်းဟာ လိုင်ဇာကို စစ်ရေးအရ ခြိမ်းခြောက်နေပြီး စစ်ကောင်စီ ဗျုဟာမှူးကိုယ်တိုင်ထိုင်တဲ့အတွက် အရေးကြီးတဲ့စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မတ်လ ၇ ရက် (၀၃၀၇) စစ်ဆင်ရေးစတင်တဲ့နေ့ကတည်းက ဒီစခန်းကို စတိုက်တာဖြစ်ပြီး ၉ ရက်ကြာမှ သိမ်းနိုင်တာဖြစ်ပါတယ်။ နယ်မြေရှင်းလင်းနေဆဲဖြစ်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေအကြောင်း မသိရသေးဘူးလို့ ဗိုလ်မှူးကြီးကပြောပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံ ဗျူဟာကုန်းကို KNLA နဲ့မဟာမိတ်တွေက သိမ်းပိုက်စဉ် ဗျုဟာမှူးနဲ့ အင်အား ၆၀ ခန့် အလံဖြူထောင် လက်နက်ချ...

- မုဒုံမြို့နယ်၊ ကမာဝက်မြို့  နယ်မြေရဲစခန်းမှူး စီးလာတဲ့ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြားဖြတ် တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More