Wednesday, March 13, 2024

“ဒီနေ့ ဖားကန့်ဖက်မှာသိမ်းမိတဲ့ စခန်းပါဆိုရင် မတ်လ ၇ ရက်နောက်ပိုင်း ၂၀ ကျ...


“ဒီနေ့ ဖားကန့်ဖက်မှာသိမ်းမိတဲ့ စခန်းပါဆိုရင် မတ်လ ၇ ရက်နောက်ပိုင်း သိမ်းမိတာ ၂၀ ကျော်ရှိနေပါပြီ”

- ဗိုလ်မှူးကြီးနော်ဘူ (ပြန်ကြားရေးအရာရှိ - KIO/ KIA)

(၁၃ -၃ -၂၀၂၄)

လိုင်ဇာဌာနချုပ်ဝန်းကျင်ရှိ ဗျုဟာအရအရေးပါတဲ့ တောင်တန်းတွေပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ် KIA ပြောခွင့်ရက BNN ကို ပြောပါတယ်။ ဖားကန့်ဖက်မှာလည်းတိုက်ပွဲတွေရှိနေပြီး ဒီနေ့ စခန်းတခု ထပ်သိမ်းနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

မြစ်ကြီးနားဝန်းကျင်ရှိ အကျဲရွာဖက်မှာ မနေ့က တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်လို့ ဗိုလ်မှူးကြီးကပြောပါတယ်။ 

ကရင်ပြည်နယ်မှာတော့ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ(၃၅၅)စခန်းကို KNLA နဲ့ မဟာမိတ်တပ်တွေက မတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA- စစ်ရုံးချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မနက် ၁၀ နာရီမှာ ထိုးစစ်စတင်ပြီး ညနေ ၇ နာရီခန့်မှာ စခန်းတခုလုံးကို သိမ်းနိုင်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီဖက်က အများအပြားကျဆုံးပြီး စစ်မော်တော်ယာဉ် (၆)စီး၊ RPG၊ NATO စက်လတ်အပါအဝင် လက်နက်ငယ်မျိုးစုံ (၁၂၇)လက်၊ 60 mm ၊ 81 mm အပါဝင် လက်နက်ကြီးစိန်ပြောင်းမျိုးစုံ(၁၃)လက်နဲ့ ခဲယမ်းအများအပြားသိမ်းမိတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒ့ါအပြင်...

- နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက် ထိုင်းစစ်တပ်ကလည်း ထိုင်း-မြန်မာနယ်စပ်တလျောက် လုံခြုံရေး တိုးချထား...

- ရခိုင်ပြည်နယ်မှာ မောင်တောမြို့မြောက်ပိုင်းရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို အပြီးသိမ်းနိုင်ပြီဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်...

စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More