Monday, March 11, 2024

“ရမ်းဗြဲမြို့ကို AA သိမ်းပိုက်... ကချင်မှာ KIA က စခန်းတွေဆက်သိမ်း... နော...

“ရမ်းဗြဲမြို့ကို AA သိမ်းပိုက်... ကချင်မှာ KIA က စခန်းတွေဆက်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၂-၃-၂၀၂၄)

ရမ်းဗြဲမြို့ကို မတ်လ (၁၁) ရက်၊ နေ့လယ် (၁) နာရီမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ရမ်းဗြဲမြို့ကိုသိမ်းနိုင်ရေးတွက် ဒီဇင်ဘာ (၁၈) ရက်မှာကတည်းက ထိုးစစ်စတင်ခဲ့ပြီး (၈၅) ရက်အကြာမှာမှ သိမ်းနိင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြားကနေ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ် လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

အခုဆိုရင် ပလက်ဝ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ပြိုလက်ဝဲ၊ ပုံဏ္ဍားကျွန်းနဲ့ ရမ်းဗြဲ (၉) မြို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်တွေကို မတ်လ (၁၀) ရက်ကစပြီး ရက္ခိုင့်တပ်တော်က တစ်ဆင့်မြှင့်ထိုးစစ်ဆင်နေတယ်လို့ ဖေါ်ပြပါတယ်။

မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းကနေ စခန်းစွန့်ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရက္ခိုင့်တပ်တော်တို့ မတ်လ (၁၀) ရက်၊ ညနေ (၄) နာရီမှာ တိုက်ပွဲ ဖြစ်ပွားပြီး  အခုချိန်ထိ တိုက်ပွဲဖြစ်နေဆဲလို့ဆိုပါတယ်။

ဒီတိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ နယ်ခြားစောင့်တပ်တွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာတော့ မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးကာလ ၅ ရက်တာအတွင်း ဌာနချုပ်လိုင်ဇာဝန်းကျင်က အရေးကြီးတဲ့ ဗျုဟာကုန်းတွေအပါဝင် စခန်းပေါင်း ၂၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်မှာလည်း မြဝတီမြို့တောင်ဘက်ရှိ ဖလူး-မဆုတ်တန်းခံစစ်စခန်းကို - KNLA နဲ့ မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုက မတ်လ ၁၁ ရက် ညနေပိုင်းမှာ သိမ်းပိုက်...

- ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ PNLA က သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကန်သာယာရွာဖက်မှာ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက် (၂၄) လက်သိမ်းမိ...

.... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More