Tuesday, March 26, 2024

“ဒီစစ်တပ်ကြီးကို နိုင်အောင်တိုက်နိုင်သူမရှိဘူးလို့ ပြောခဲ့သူတွေ အခု ပက်လ...


“ဒီစစ်တပ်ကြီးကို နိုင်အောင်တိုက်နိုင်သူမရှိဘူးလို့ ပြောခဲ့သူတွေ အခု ပက်လက်လန်နေပြီ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၇- ၃- ၂၀၂၄)

“နိုင်ငံတကာအဆင့်မီတဲ့ ဒီစစ်တပ်ကြီးကို ERO နဲ့ PDF တွေက နိုင်အောင်မတိုက်နိုင်ဘူးလို့ထင်ခဲ့ကြတာ ပြည်တွင်းကလူတွေတင်မကဘူး၊ နိုင်ငံတကာ အစိုးရတွေလည်းပါတယ်။ အခု အဲလိုထင်ခဲ့ပြောခဲ့သူတွေ၊ ဒီစစ်တပ်ကြီးကို နိုင်အောင်တိုက်နိုင်သူမရှိဘူးလို့ ပြောခဲ့သူတွေ ပက်လက်လန်နေပြီ” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

ဒီနေ့ကျင်းပနေတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ သို့မဟုတ် စစ်ကောင်စီအခေါ် တပ်မတော်နေ့မှာ မြန်မာစစ်တပ်ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ၊ ERO နဲ့ PDF တွေဖက် အခြေအနေကော ဘယ်လောက်အထိတိုးတက်နေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- နိုင်ငံတကာက ဒီလောက်ပိတ်ဆို့အရေးယူနေတဲ့ကြားက စစ်ကောင်စီခေါင်းဆောင် ဘာကြောင့် ဆက်လက်ရှင်သန်နေတာလဲ...

- နှစ် ၇၀ ကျော် သက်တန်းရှိတဲ့၊ နိုင်ငံတကာအဆင့်မီတဲ့ တပ်မတော်ကြီးကို ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူးလို့ ပြောဆိုမှုတွေ အခု ဘာဖြစ်သွားပြီလဲ...

- အမြန်ဆုံးပွဲပြတ်အောင် ပြည်သူတွေက ဘယ်လိုကူညီပေးနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More