Monday, January 12, 2026

ပဲနွယ်ကုန်းတိုက်ပွဲ စစ်သား ၂၀ ခန့်သေဆုံး... အပစ်ရပ်ထားတဲ့ TNLA က စစ်ရေးပ...


ပဲနွယ်ကုန်းတိုက်ပွဲ စစ်သား ၂၀ ခန့်သေဆုံး... အပစ်ရပ်ထားတဲ့ TNLA က စစ်ရေးပြပွဲကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ ဇန်နဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကြိမ်ခါးကုန်းကျေးရွာဖက် ထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ကျော်သေဆုံး၊ လက်နက် ၁၀ ကျော် သိမ်းမိတယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး  ဗိုလ်မှူးအဆင့်ရှိသူ စစ်ကြောင်းမှုးအပါဝင် (၂၀) ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကစဉ့်ကလျားနဲ့ စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ မဟာမိတ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် စစ်သား ၆ ဦးသေဆုံး...

- ရေးမြို့နယ်နှင့်မုဒုံမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၅ ခုကို NMSP-AD က တပြိုင်တည်း တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများ...

- အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြီးရှိ စစ်ကောင်စီစခန်းတွေကနေ ထွက်ပြေးလာသူ၊ တိုက်ပွဲမှာဖမ်းမိသူ စစ်ကောင်စီတပ်သားဦးရေ   ၁၆ ဦးအထိရှိနေပြီဖြစ်တယ်လို့ ကျောင်းသားလက်ရုံး‌တပ်တော် SAF က သတင်းထုတ်ပြန်...

- စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်-မိုးမိတ်ဖက်ကနေ ပြန်ဆုတ်ပေးထားတဲ့ TNLA က ၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ကို ခမ်းခမ်းနားနားကျင်းပပြီး လေယာဉ်ပစ်သေနတ်တွေ၊ သံချက်ကာကားတွေနဲ့အတူ အင်အား ထောင်ချီ ချီတက် စစ်ရေးပြ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More