“စကမ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးဆိုတာ ရှင်းနေတာပဲလေ”
- ခွန်မြင့်ထွန်း ( ဥက္ကဌ - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)
(၃၀ ဇန်နဝါရီ ၂၀၂၆)
“အာဆီယံက ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့လည်း မလွတ်ဘူး၊ အာဆီယံ မူ ၅ ချက်နဲ့မကိုက်ညီတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုဘူးဆိုတာ ရှင်းနေတာပဲလေ” လို့ အာဆီယံ အလှည်ကျဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့ တော်လှန်ရေးအင်အားစုထဲ ပါဝင်သူ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့တဲ့ အာဆီယံ အလှည်ကျဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုနဲ့ တော်လှန်ရေးအင်အားစုတွေ တွေ့ဆုံမှု ဘာတွေထူးသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...
- အာဆီယံအလှည်ကျဥက္ကဌသစ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဘယ်လိုတွေ့ဆုံကြသလဲ...
- စကမ ရဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုတာ သေချာပြီလား...
- တော်လှန်ရေးအင်အားစုတွေနဲ့ အာဆီယံကြားမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ရှိသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ဇန်နဝါရီ ၂၉ နေ့လယ်ပိုင်းမှာ မေးမြန်းထားချက်ဖြစ်ပါတယ်။ ညနေပိုင်း ဝင်လာတဲ့သတင်းတွေအရ စကမ ရဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက စီဘူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ပြောသွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
စကမ ရွေးကောက်ပွဲကို အသိအမှတ်မပြုရင် အာဆီယံက ဘာဆက်လုပ်မလဲ... ဆွေေးနွးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment