Tuesday, January 6, 2026

“ဗင်နီဇွဲလားကို ဝင်စီးတယ်ဆိုပေမယ့် တရုတ်ကို သွယ်ဝိုက်ပြီး ဖိအားပေးတာဖြစ်...


“ဗင်နီဇွဲလားကို ဝင်စီးတယ်ဆိုပေမယ့် တရုတ်ကို သွယ်ဝိုက်ပြီး ဖိအားပေးတာဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်”

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၇ ဇန်နဝါရီ ၂၀၂၆)

“အခုဖြစ်စဉ်ဟာ အမေရိကန်အထူးတပ်တွေက ဗင်နီဇွဲလား သမ္မတကို ဝင်ဖမ်းတာလို့ဆိုပေမယ့် တရုတ်ကို သွယ်ဝိုက်ပြီး ဖိအားပေးတာဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်၊ အမေရိကန်၊ တရုတ်၊ ရုရှား အင်အားကြီး ၃ နိုင်ငံရဲ့ အိမ်နီးချင်းတွေအပေါ် ရှုမြင်ပုံက သွားတူနေတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။

အမေရိကအထူးတပ်တွေက ဗင်နီဇွဲလားထဲဝင်ပြီး အာဏာရှင်သမ္မတကို ဖမ်းသလိုမျိုး မြန်မာနိုင်ငံက အာဏာရှင်သမ္မတကိုလည်း ဖမ်းဆီးစေချင်တယ်ဆိုပြီး အွန်လိုင်းပေါ် ပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- အမေရိကန်အထူးတပ်တွေက ဗင်နီဇွဲလားထဲဝင်ပြီး အာဏာရှင် သမ္မတကို ဝင်ဖမ်းခြင်းရဲ့ နောက်ကွယ် ရည်ရွယ်ချက်က ဘာဖြစ်နိုင်သလဲ...

- ဗင်နီဇွဲလားထဲဝင်ပြီး အာဏာရှင်သမ္မတကို ဖမ်းသလိုမျိုး မြန်မာနိုင်ငံက အာဏာရှင်သမ္မတကိုလည်း ဖမ်းဆီးစေချင်တယ်ဆိုပြီး မျှော်လင့်နေတဲ့ မြန်မာအချို့ရဲ့ မျှော်လင့်ချက်က ဘယ်လောက် ဖြစ်နိုင်ခြေရှိသလဲ...

- အခုဖြစ်စဉ်အပေါ် နိုင်ငံရေးအကဲခတ်တွေ၊ နိုင်ငံတကာအရေး ဆန်းစစ်ဝေဖန်သူတွေက ဘယ်လိုရှုမြင်ကြသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံစလုံးကို မြန်မာနိုင်ငံရဲ့ အမျိုးသားရန်သူအဖြစ် သတ်မှတ်ခဲ့ဖူးတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ ညနေပိုင်းမှာ ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More