ပဲခူးတိုက်ပွဲ သေနတ် ၁၂ လက်သိမ်းမိ... ဆိပ်ဖြူတိုက်ပွဲ စစ်သား ၂၀ သေ၊ သေနတ် ၈ လက်သိမ်းမိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂ ဇန်နဝါရီ ၂၀၂၆)
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၆ ဦးသေ၊ ၅ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၂ လက်သိမ်းမိတယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ မနက်ပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲအချိန် မိနစ် ၄၀ ခန့်ကြာတယ်၊ စစ်တပ်ဖက်က ဗိုလ်ကြီး(၁)ဦး၊ အရာခံဗိုလ်(၁)ဦး၊ ဆေးဗိုလ်(၁)ဦးနဲ့ တပ်သားအဆင့် (၃)ဦးသေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာများစွာနဲ့ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- စစ်တောင်းမြစ်ဒေသရှိ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၄၀ ခန့်အထိသေဆုံးပြီး ၃ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းများစွာသိမ်းမိ...
- ဆိပ်ဖြူမြိုံနယ်တိုက်ပွဲတွေအတွင်း စစ်တပ်ဖက်က ၂၀ ကျော်သေဆုံး၊ လက်နက် ၈ လက် သိမ်းမိ...
- တောင်သာမြို့နယ်၊ မင်းကန်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်း အစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများနိုင်...
- ကပစ (၁၆)အနီးရှိ ၆၆၆ ပွိုင့်ကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၇ ဦးကို လက်နက်တွေနဲ့အတူ အာရက္ခတပ်တော်(AA)က လက်ရဖမ်းမိ...
- ရေးမြို့နယ်အခြေစိုက် စကခ(၁၉)ကနေ ထွက်လာတဲ့ စစ်ကောင်စီအရာရှိတွေပါတဲ့ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ကားပေါ်ပါသူ ၅ ဦးစလုံး ပြင်းထန်ဒဏ်ရာရ...
- ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ ဒီဇင်ဘာ ၃၁ က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment