Thursday, January 22, 2026

“ICJ တရားရုံးမှာ စစ်ကောင်စီရှုံးမှ မြန်မာလူထု သက်ရာရမယ်၊ ဒါကို ရှင်းရှင်...


“ICJ တရားရုံးမှာ စစ်ကောင်စီရှုံးမှ မြန်မာလူထု သက်ရာရမယ်၊ ဒါကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်”

- ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)

(၂၃ ဇန်နဝါရီ ၂၀၂၆)

“ICJ တရားရုံးမှာ ကြားနာစစ်ဆေးနေတဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျုးလွန်မှုတေနဲ့ပတ်သက်ပြီး စစ်ကောင်စီဖက်က ရှုံးမှ မြန်မာလူထု သက်သာရာရမယ်၊ စစ်ကောင်စီနိုင်သွားရင် လူထုအပေါ်ရက်စက်သတ်ဖြတ်မှုတွေ ပိုဆိုးလာနိုင်တယ်၊ ဒါကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ဂမ်ဘီယာက တရားစွဲတာဟာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို စွဲတာမဟုတ်ဘူး။ မြန်မာနိုင်ငံကိုစွဲတာဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်အဖြစ် ကာကွယ်ရမယ်ဆိုပြီး စစ်တပ်က ဝါဒဖြန့်မှုအပေါ် လူထုကြားဝေဝါးမှုရှိနေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့ စစ်ကောင်စီ အပြန်အလှန်တင်ပြမှု ဘယ်အနေအထားရောက်နေပြီလဲ...

- ဂမ်ဘီယာက တရားစွဲတာဟာ မြန်မာနိုင်ငံကိုစွဲတာလား... ပြစ်မှုကျုးလွန်တဲ့ စစ်တပ်ကို စွဲတာလား...

- စစ်ကောင်စီရှုံးမှ မြန်မာလူထု သက်ရာရမယ်၊ စစ်ကောင်စီနိုင်ရင် မြန်မာလူထုအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာမယ်ဆိုတာကို သိရဲ့နဲ့ လူအချို့က ဘာကိုတွေဝေနေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ICJ ကြားနာမှုက ဆုံးဖြတ်ချက်မချခင်မှာတောင် စစ်ကောင်စီကို ရိုက်ခတ်မှုရှိနေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More