Sunday, January 25, 2026

“ICJ နဲ့ နိုင်ငံတကာဥပဒေတွေကို စော်ကားချင်တဲ့စရိုက်ဆိုးက စစ်ဗိုလ်တွေရဲ့ အ...


“ICJ နဲ့ နိုင်ငံတကာဥပဒေတွေကို စော်ကားချင်တဲ့စရိုက်ဆိုးက စစ်ဗိုလ်တွေရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတယ်”

- ဦးတိုးဇော်လတ် - (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM)

(၂၆ ဇန်နဝါရီ ၂၀၂၆)

“ICJ နဲ့ နိုင်ငံတကာဥပဒေကိုရော၊ ပြည်တွင်းဥပဒေတွေကိုပါ စော်ကားချင်တဲ့ စရိုက်ဆိုးက စစ်ဗိုလ်ချုပ်တွေရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတယ်။ ဒါကြောင့် အခု သတိပေးထုတ်ပြန်ချက်က ဟန်ပြသဘောသာဖြစ်တယ်။ စိတ်ဓာတ်မြင့်မားလာအောင် အများကြီး ဆောင်ရွက်ရဦးမယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM- အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ICJ မှာ တရားရင်ဆိုင်နေရချိန်မှာ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာမလုပ်ဖို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားမပြောဖို့ သတိပေးတယ်ဆိုပြီး စစ်ကောင်စီဖက်က ကြေညာချက်ထွက်လာတဲ့အပေါ် ကြိုဆိုပါသလား ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာမလုပ်ဖို့၊  ရိုဟင်ဂျာတွေအပေါ် အမုန်းစကားမပြောဖို့ သတိပေးချက်ကို စစ်တပ်ထောက်ခံသူတွေက တကယ်လိုက်နာဆောင်ရွက်နိုင်သလား...

- ဘုူးလက်လှဆွေရဲ့ ICJ ကို ဇစ်ဖြုတ်ပြမယ်ဆိုတဲ့သဘောတားက စစ်ဗိုလ်တွေရဲ့ အတွင်းစိတ်သရုပ်မှန်လား...

- ဆိုရှယ်မီဒီယာတွေပေါ်မှာ ပွဲဆူအောင်လုပ်နေသူတွေ၊ အမုန်းစကားကို အမုန်းစကားမှန်းမသိပဲ အလွယ်တကူဖြန့်ဝေနေသူတွေကြောင့် ဒီပြသာနာ ပိုကြီးထွားလာနေတာလား...

- စစ်ဗိုလ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေ ယဉ်ကျေးလိမ်မာလာအောင် ဘယ်လို ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More