“အတူ ယှဉ်တွဲနေထိုင်ရေးကို လက်ခံနိုင်မှ ငြိမ်းချမ်းရေး ရမှာဖြစ်တယ်”
- ဦးဌေးတင့် (နယ်သာလန်ရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ)
(၁၄ ဇန်နဝါရီ ၂၀၂၆)
“အခြေခံလူ့အခွင့်ရေးကို နားမလည်ရင် အတူယှဉ်တွဲနေထိုင်ရေး မဖြစ်နိုင်ဘူး။ မြန်မာပြည် ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် လူ့အခွင့်ရေးကိုနားလည်ပြီး အတူယှဉ်တွဲနေထိုင်ရေးကို လက်ခံဖို့လိုတယ်” လို့ နယ်သာလန်နိုင်ငံရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးဌေးတင့်က ပြောပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဇန်နဝါရီ ၁၂ ရက်ကစပြီး ပြုုလုပ်နေတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ ကြားနာ စစ်ဆေးမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ICJ တရားရုံးရှေ့မြင်ကွင်းက ၂၀၁၉ ဒေါ်အောင်ဆန်းစုကြည်လာစဉ်ကနဲ့ ဒီနေ့ အခြေအနေ ဘာကွာသလဲ...
- ဂမ်ဘီယာဖက်က စွဲချက်တင်သူတွေက အစွန်းရောက် ဘုန်းကြီးတွေကိုပါ စွဲချက်ထဲ ထည့်လိုက်တာ ဘယ်လိုထူးခြားသလဲ...
- စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က အရင်လိုပဲ ဗူး ခံ ငြင်းဦးမှာလား...
- ၂၀၁၉ ဒေါ်အောင်ဆန်းစုကြည်လာစဉ်က အခြေအနေနဲ့ ဒီနေ့ ၂၀၂၆ အခြေနေကြားမှာ လူတွေရဲ့ စဉ်းစားပုံတွေ ဘာကြောင့် ပြောင်းလဲသွားသလဲ...
- အတူယှဉ်တွဲနေထိုင်ရေးကို လက်မခံနိုင်ရင် ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ ဘာကြောင့် ပြောတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment