“နိုင်ငံခြားရေးဌာနထက် လဝက ဌာနက ပိုသြဇာရှိနေတော့ ပြောရခက်တယ်”
- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၂၃ ဇန်နဝါရီ ၂၀၂၆)
“မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက တမျိုး၊ အမိမြေလုံခြုံရေးဌာနကတဖုံ အမြင် ၂ မျိုုးဖြစ်နေတဲ့အတွက် အတုအယောင်ရွေးကောက်ပွဲကနေတက်လာမယ့် စစ်တပ်နဲ့ ကြံ့ခိုင်ရေး လက်ယာအစွန်းရောက်အဖွဲ့ကို အသိမှတ်ပြုမလား- မပြုဘူးလားဆိုတာ အတိအကျပြောဖို့ခက်ပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။
ဇန်နဝါရီ ၂၀ မှာ သက်တန်းတနှစ်ပြည့်သွားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဘာတွေကူညီပေးခဲ့သလဲ၊ လက်ရှိကျင်းပနေတဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားနိုင်သလဲ... စသဖြငု့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ပြီးခဲ့တဲ့ တနှစ်တာအတွင်း သမ္မတထရမ့်က မြန်မာကို ဘာတွေကူညီပေးခဲ့သလဲ... ဘာတွေ ဖြတ်တောက်ခဲ့သလဲ...
- မြန်မာနိုင်ငံက လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ မူဝါဒနဲ့ သမ္မတထရမ့် လက်ရှိကျင့်သုံးနေတဲ့ လက်ယာဝါဒီတွေကြား ဘာတွေတူပြီး- ဘာတွေကွာသလဲ...
- နိင်ငံခြားရေးဝန်ကြီးဌာနထက် လဝက ဝန်ကြီးဌာနက ပိုသြဇာကြီးနေတယ်လို့ ဘာကြောင့်ပြောတာလဲ...
- ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက လွှတ်တော်ကိုသာ ချည်းကပ်နိုင်ပြီး သမ္မတထရမ့် အစိုးရအဖွဲ့ကို မချည်းကပ်နိုင်သေးတာ ဘာကြောင့်လဲ...
- အတုအယောင်ရွေးကောက်ပွဲကနေ တက်လာနိုင်တဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပူးတွဲအစိုးရကို သမ္မတထရမ့်အစိုးရအဖွဲ့က ဘယ်လို သဘောထားနိုင်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment