Sunday, January 4, 2026

ဖလမ်းမြို့နယ်တိုက်ပွဲ စစ်တပ်အထိနာ... BGF ကနေ KNA အဖြစ်ပြောင်း...


ဖလမ်းမြို့နယ်တိုက်ပွဲ စစ်တပ်အထိနာ... BGF ကနေ KNA အဖြစ်ပြောင်းပြီးနောက် စစ်တပ်နဲ့ ပြသာနာတက်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅ ဇန်နဝါရီ ၂၀၂၆)

ချင်းပြည်နယ်၊ ဖလမ်းမြို့ဖက် ဦးတည်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ၂ ဦးကိုလက်ရဖမ်းမိ၊ သေနတ် ၁၀ လက်ခန့် သိမ်းမိတယ်လို့ The Voice of Chinland က ဖေါ်ပြပါတယ်။

ဇန်နဝါရီ ၃ ရက်၊ မနက်ပိုင်းက တီးတိန်မြို့နယ် သိုင်းငင်းဖက်ကနေ ဖလမ်းမြို့ဖက် ဦးတည် ထိုးလာတဲ့ စစ်ကြောင်းကို Khuangli ကျေးရွာအနီး တိုက်ခိုက်တာလို့ ဆိုပါတယ်။

သိမ်းမိလက်နက်တွေထဲမှာ ၆၀ မမ ပြောင်းတိုတလက်၊ RPG တလက်၊ ငါးကျဉ်းမြီး-စက်လတ်တလက်၊ MA စီးရီးလက်နက်ငယ် ၆ လက်နဲ့ ခဲယမ်းများစွာသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- လယ်ဝေးမြို့နယ်အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ကျော်အထိ သေဆုံး...

- ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံး...

- ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကနေ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြသာနာတက်နေ...

- ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာ အထိုင်ချ စစ်တပ်စခန်းက စစ်မှုထမ်းတပ်သားသစ် (ပစ) တဦးဟာ MA-1 တလက်နဲ့အတူ ကော့သောင်ခရိုင် တပ်ရင်း ၁ ထံ ခိုလှုံ...

- လက်ပံတန်းမြို့နယ်အတွင်း တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် (ပစ) တဦးဟာလည်း MA စီးရီး လက်နက်ငယ်တလက်နဲ့အတူ လက်ပံတန်းမြိုနယ် ပကဖ ထံ ခိုလှုံ...

- ပခုက္ကူခရိုင်စစ်ဌာန၊ စုပေါင်းမွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ဇန်နဝါရီ ၁ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More