ဖလမ်းမြို့အနီး တိုက်ပွဲ လက်နက် ၁၀ ကျော်သိမ်းမိ... နတ်မောက်တိုက်ပွဲ စစ်တပ်သေဆုံးမှုများ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၆ ဇန်နဝါရီ ၂၀၂၆)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးမှာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက တိုက်ပွဲထပ်ဖြစ်ပြီး စစ်တပ်ဖက်က သေဆုံးမှုများ၊ ၂ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၁၅ လက်သိမ်းမိတယ်လို့ The Voice of Chinland - VOC က ဖေါ်ပြပါတယ်။
သိုင်းငင်းကျေးရွာကနေ ဖလမ်းမြို့ဖက် ဦးတည်ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း Khuangli ကျေးရွာအနီး တပ်စွဲထားစဉ် ချင်းအမျိုးသားတပ်မတော် CNA နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ၃ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာမှာ ၁၃ ဦးထက်မနည်း သေဆုံး...
- ကသာမြို့နယ်ကို စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ကလေးငယ် တဦးသေဆုံး၊ တဦးဒဏ်ရာပြင်း၊ နေအိမ်အချို့ မီးလောင်...
- လေလာတောင်နဲ့ ၆၆၆ ပွိုင့်စခန်းကုန်းတိုက်ပွဲတွေအတွင်း စစ်တပ်ဖက်က ဗိုလ်မှူးတဦးအပါအဝင် ၅၀ ခန့်အထိ သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ သုံ့ပန်းတွေကို အာရက္ခတပ်တော်(AA) က ဖမ်းမိထား...
- MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်နဲ့ တရုတ်နိုင်ငံကြားမှာ နေ့စဉ် ကားအစီးရေ ၂၀၀ ကျော်အထိ ကုန်တင်ပို့မှုရှိလာ...
- မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းတို့ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၆)နဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment