Tuesday, January 13, 2026

“သက်သေအထောက်ထားတွေက အလွန်ခိုင်မာတာမို့ စစ်ကောင်စီဖက်က ငြင်းဆိုဖို့ မဖြစ်...


“သက်သေအထောက်ထားတွေက အလွန်ခိုင်မာတာမို့ စစ်ကောင်စီဖက်က ငြင်းဆိုဖို့ မဖြစ်နိုင်ပါဘူး”

- ဦးနေဆန်းလွင် (အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ - ARNC)

(၁၄ ဇန်နဝါရီ ၂၀၂၆)

“အခု ICJ မှာ ဂမ်ဘီယာဖက်က တင်ပြထားတဲ့ သက်သေအထောက်ထားတွေက အလွန်ခိုင်မာတာမို့ စစ်ကောင်စီဖက်က ငြင်းဆိုဖို့ မဖြစ်နိုင်ပါဘူး။ စစ်တပ်က တကယ်ကျုးလွန်ခဲ့တာပါ” လို့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ - ARNC - ပူးတွဲဥက္ကဌ ဦးနေဆန်းလွင်က ပြောပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဇန်နဝါရီ ၁၂ ရက်ကစပြီး ပြုုလုပ်နေတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရှိ မရှိ ကြားနာ စစ်ဆေးမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ICJ တရားရုံးရဲ့ ကြားနာစစ်ဆေးမှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ဘယ်လို ဖိနှိပ်ညှင်းပန်းမှုတွေ ကျုးလွန်ခဲ့သလဲ...

- စစ်ကောင်စီကိုယ်စားလှယ်က ဝန်ခံမှာလား... ဆက်ပြီး ငြင်းဆန်နိုင်သလား...

- ရခိုင်ပြည်နယ် နေရာအများစုကို AA က ထိန်းချုပ်အပြီးမှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေ တိုးတက်လာသလား...

- ရိုဟင်ဂျာတွေဖက်က ဒီအမှုမှာ သူတို့အနိုင်ရမယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More