Friday, January 2, 2026

စလင်းမြို့ကို PDF ဝင်စီး... ကာသာမှာ တိုက်ပွဲဆက်ပြင်းထန်နေ...


စလင်းမြို့ကို PDF ဝင်စီး... ကာသာမှာ တိုက်ပွဲဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ ဇန်နဝါရီ ၂၀၂၆)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ထွေ-အုပ်ရုံးအပါဝင် စစ်ကောင်စီရဲ့ ထောက်တိုင် ရုံးဌာနအားလုံးကို မင်းဘူးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာ ဝင်ရောက်စီးနင်း ဆောင်ရွက်တာဖြစ်ပြီး ဒါဟာ စလင်းမြို့ရဲ့ နောက်ဆုံးအခြေအနေ ထုတ်ပြန်ချက်လည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- နတ်မောက် - ပျော်ဘွယ် လမ်းဟောင်းပေါ် တော်လှန်ရေးတပ်တွေက လမ်းပိုင်းစစ်ဆေးရေးလုပ်နေစဉ် အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်တပ်အရာရှိပါတဲ့ကားကို ပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ပြီး အရာရှိနဲ့ စစ်သားတဦးသေဆုံး၊ သေနတ် ၂ လက်သိမ်းမိ...

- မြင်းခြံမြို့ အမှတ်(၁၅)ရပ်ကွက်မှာ အထိုင်ချထားတဲ့  စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေဆုံး၊ ဒဏ်ရာရသူများ...

- ကသာမြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး လေယာဉ်ဗုံးဒဏ်ကြောင့် ဈေးနဲ့ အထက ကျောင်းအပါဝင် နေရာအချို့ မီးလောင်နေ...

- ဗမာ့တပ်တော်၊ Bamar Army တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားတွေကို အမှတ် (၁) နဲ့ အမှတ် (၂) စစ်ဦးစီးကွပ်ကဲရေးဒေသတွေမှာ ဇန်နဝါရီ ၁ ရက်နေ့က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More