Friday, January 30, 2026

“ရွေးကောက်ပွဲကျင်းပလို့ စစ်တပ်က နိုင်သွားတာမဟုတ်ဘူး၊ ပိုရှုံးသွားတာဖြစ်တယ်”


“ရွေးကောက်ပွဲကျင်းပလို့ စစ်တပ်က နိုင်သွားတာမဟုတ်ဘူး၊ ပိုရှုံးသွားတာဖြစ်တယ်”

- ခွန်မြင့်ထွန်း ( ဥက္ကဌ - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)

(၃၁ ဇန်နဝါရီ ၂၀၂၆)

“ရွေးကောက်ပွဲကျင်းပလို့ စစ်တပ်က နိုင်သွားတာမဟုတ်ဘူး၊ ပိုရှုံးသွားတာဖြစ်တယ်၊ ဒီရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပ ဘယ်အဖွဲ့ကမှ လက်ခံတာမဟုတ်ဘူး။ စစ်အုပ်စုက အမှားကို အမှားနဲ့ထပ်ထပ်ဖုံးနေတဲ့ လုပ်ရပ်တခုသာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

စစ်ကောင်စီဖက်က ရွေးကောက်ပွဲကျင်းပပြီး ကြံ့ခိုင်ရေးနဲ့ စစ်တပ် ပူးပေါင်းအစိုးရအဖွဲ့တက်လာရင် အာဆီယံနဲ့ နိုင်ငံတကာဖက်က အသိအမှတ်ပြု ဆက်ဆံသွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အာဆီယံရဲ့ မူတွေကို လက်မခံတဲ့ စစ်ကောင်စီကို အာဆီယံက ဘယ်လိုအရေးယူမှာလဲ...

- အာဆီယံကပြောနေတဲ့ အားလုံးပါဝင် ဆွေးနွေးရေးဆိုတာ ဖြစ်နိုင်ခြေရှိသေးလား... တော်လှန်ရေးအင်အားစုတွေရဲ့ ဆွေးနွေးရေးအတွက် မူဝါဒက ဘာတွေလဲ...

- အပစ်ရပ်ဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ... ဘာတွေတူပြီး ဘာတွေကွာသလဲ... အခုအာဆီယံကပြောနေတာက ဘယ်လိုဆွေးနွေးပွဲမျိုးလဲ...

- စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတုနဲ့ အဲဒီကနေထွက်လာတဲ့ အစိုးရအတုကို ပြည်တွင်း ပြည်ပ ဘယ်အဖွဲ့ကမှ လက်မခံဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More