“အမေရိကန်ပြည်တွင်း နိုင်ငံရေးအားပြိုင်မှုထဲမှာ မြန်မာ့အရေးက ကြားညှပ်နေတာ”
- ဦးရင်အေး (Save Myanmar - USA)
(၁၈ ဇန်နဝါရီ ၂၀၂၆)
“အမေရိကန်ပြည်တွင်း နိုင်ငံရေးအားပြိုင်မှု၊ လွှတ်တော်နဲ့ အစိုးရကြား အားပြိုင်မှု၊ အထူးသဖြင့် သမ္မတထရမ့်တက်လာပြီးနောက်ပိုင်း မူဝါဒအပြောင်းအလဲတွေကြားမှာ မြန်မာ့အရေးအကူအညီပေးမှုတွေ နှောက်နှေးနေရတာဖြစ်တယ်” လို့ (Save Myanmar - USA) က ဦးရင်အေးက ပြောပါတယ်။
မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်တွေချ ချနေပေမယ့် အခုချိန်အထိ မြေပြင်ကို မရောက်သေးတာ ဘာကြောင့်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- မြန်မာအတွက် ကူညီမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်တော့ ရမှာလဲ...
- ဘယ်သူတွေကို ဘယ်အချိန်မှာ ဘယ်လိုပေးမှာလဲ...
- အရင်နှစ်တွေကတည်းက ပေးမယ်ပြောထားတဲ့ ဒေါ်လာ ၁၂၁ သန်းနဲ့ အခု ၁၂၁ သန်းက အတူတူပဲလား... အခုမှ ပထမ အကြိမ် ပေးတာလား...
- နယ်စပ်က ဒုက္ခသည်တွေကိုကူညီပေးမယ်ပြောပြီး အမေရိကားရောက် ဒုက္ခသည်တွေကို ဖမ်းဆီးပြန်ပို့မယ်လို့ပြောနေတဲ့အပေါ် ဘယ်လိုနားလည်သင့်သလဲ...
- ဒီလမကုန်ခင် ဆုံးဖြတ်ချက်ချမယ့် TPS ယာယီနေထိုင်ခွင့် သက်တန်းတိုးရေး၊ စစ်ကောင်စီအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့မှု သက်တန်းတိုးရေးတွေကို အမေရိကန်တာဝန်ရှိသူတွေက ဘယ်လိုစဉ်းစားထားသလဲ...
- အမေရိကန်အစိုးရက ဒီမိုကရေစီတိုးပွားရေးထက် မြေရှားသတ္တုရရှိရေးကို ပိုစိတ်ဝင်စားနေသလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment