“ပြစ်မှုကျုးလွန်ထားတဲ့ ဗိုလ်ချုပ်တွေကို အရေးယူမှုမလုပ်ပဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး သွားလုပ်ရင်တော့...”
- ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)
(၂၄ ဇန်နဝါရီ ၂၀၂၆)
“၁၉၆၂ ကနေ အခုချိန်အထိ စစ်တပ်ကကျုးလွန်ခဲ့တဲ့၊ ကျုးလွန်နေဆဲဖြစ်တဲ့ ပြစ်မှုတွေကို အရေးယူမှုမလုပ်ပဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်သွားလုပ်တော့ ဘာဖြစ်သွားလဲ၊ အဲဒါကို သင်္ခန်းစာယူပေါ့” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖက်က လူမျိုးတုံးသတ်ဖြတ်မှုရှိ မရှိ ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံသားတွေ ဘယ်လိုလေ့လာ၊ သင်ခန်းစာယူသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ရုရှားသမ္မတတို့၊ အစ္စရေးဝန်ကြီးချုပ်တို့ကို ဖမ်းမိန့်ထုတ်ထားပြီး မဖမ်းနိုင်ဖြစ်နေတဲ့ ကုလသမဂ္ဂက မင်းအောင်လှိုင်ကိုကော ဖမ်းနိုင်စွမ်းရှိပ့ါမလား...
- ၁၉၆၂ နောက်ပိုင်းကနေ ဆက်တိုက်ကျုးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို မြန်မာနိုင်ငံသားတွေက အချိန်မီမတားဆီးတဲ့အတွက် နိုင်ငံတကာခုံရုံးအထိ အခုလို ရောက်သွားရတာလား...
- ပြစ်မှုကျုးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကို ပြစ်ဒဏ်အရင်စီရင်ပြီးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးစားပွဲဆီ ဖိတ်ခေါ်သင့်သလား... အပြစ်အရင်ပေးလိုက်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးက ပျက်သွားနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment