Thursday, January 15, 2026

ဗန်းမော်တိုက်ပွဲ စစ်သား ၁၆ ဦး KIA ဖမ်းဆီး... ပျုခေါင်းဆောင် သီတာယုမွန်အမ...


ဗန်းမော်တိုက်ပွဲ စစ်သား ၁၆ ဦး KIA ဖမ်းဆီး... ပျုခေါင်းဆောင် သီတာယုမွန်အမျိုးသားကို PDF ဖမ်းဆီး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ ဇန်နဝါရီ ၂၀၂၆)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထိုးစစ်ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ဇန်နဝါရီ ၁၄ မှာ အရှိန်မြှင့်လိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၁၅ မှာ စစ်ကောင်စီ တပ်သား ၁၆ ဦးကို လက်ရဖမ်းဆီးမိတယ်လို့ The 74 Media က ဖေါ်ပြပါတယ်။

တော်လှန်ရေးတပ်တွေ အဓိကပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အမှတ် (၉၃၃) ထောက်ပိုတပ်နဲ့ စစ်လက်နက်တပ်စု စ.စ.န (၆၄၁) တို့ရဲ့ အဓိက ကာကင်းစခန်း ငါးမိုင် (သို့မဟုတ်) စီအင် ကျေးရွာကို သိမ်းပိုက်စဉ် အခုလို ဖမ်းမိတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မြင်းခြံမြို့က နာမည်ကြီး ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသား- ပျူစောထီး ဒုခေါင်းဆောင် စိန်လွင်ကို မြင်းခြံခရိုင် အမှတ် -၃ တပ်ရင်းက ဇန်နဝါရီ ၁၄ ရက်မှာ ဖမ်းဆီးရမိ...

- မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းရှိ သာယာမွန်ရွာမှာ တိုက်ပွဲဖြစ်တဲ့အတွက် ရေး-ထားဝယ် ကားလမ်း ခေတ္တပိတ်ခဲ့ရ...

- ရေးမြို့နယ်အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခမရ ၅၉၁ က တပ်သားသစ် (ပစ) ၃ ဦးဟာ MA3 (၂)လက်၊ ခဲယမ်းတွေနဲ့အတူ ရေးပြောက်ကျားတပ်(YGF) ထံ ခိုလှုံ...

- မော်လိုက်မြို့နယ်မှာ မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေတဲ့ စစ်သားသစ် (ပစ) ၃ ဦးဟာလည်း MA စီးရီး လက်နက်ငယ် ၃ လက်နဲ့အတူ မော်လိုက်ခရိုင် အမှတ် ၄ တပ်ရင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More