Friday, January 9, 2026

တောကျွဲအင်းနှင့် စစ်တပ်စခန်း ၁၄ ခု PDF ဝင်တိုက်... စစ်တွေ ဒကစ အနီးက စခန်...


တောကျွဲအင်းမြို့ နှင့် စစ်တပ်စခန်း ၁၄ ခု PDF ဝင်တိုက်... စစ်တွေ ဒကစ အနီးက စခန်း ၂ ခု AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၀ ဇန်နဝါရီ ၂၀၂၆)

ပဲခူးတိုင်းအတွင်းရှိ တောကျွဲအင်းမြို့ အပါအဝင် ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်က စစ်တပ်စခန်း ၁၄ ခုကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်သား ၅၀ ခန့်သေဆုံး၊ လက်နက်များစွာ သိမ်းမိတယ်လို့ အမှတ် ၂ စစ်ဆင်ရေး နယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၉  ရက် မနက် ၉  နာရီမှာ တပြိုင်တည်း ဝင်တိုက်တာဖြစ်ပြီး အုတ်တွင်းမြို့နယ်၊  ကျောက်တံခါးမြို့နယ်က စခန်းတွေလည်းပါဝင်တယ်။ တောကျွဲအင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ရွေး-ကော်ရုံး၊ ထွေ-အုပ်ရုံးနဲ့ ရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဖေါ်ပြပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့ ၆၀ မမ မော်တာတွေ၊ RPG လောင်ချာတွေ၊ ပိုင့် ၅ စက်သေနတ်၊ ငါးကျည်းမြီး စက်လတ်၊ MA စီးရီးလက်နက်ငယ်တွေ၊ G3 တွေအပါဝင်  လက်နက်ကြီး လက်နက်ငယ် ၃၀ ခန့်ကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ PDF ကာကင်းတွေကို လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တန်ပြန် ထိုးစစ်ဆင်ရာမှာ စစ်သား ၂၀ ခန့်အထိသေဆုံး...

- ဖလမ်းမြို့ဖက် ဦးတည်ထိုးလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ၂ လနီးပါးကြာတိုက်ပွဲအတွင်း စစ်တပ်ဖက်ကနေ အလင်းဝင်သူနဲ့တိုက်ပွဲမှာဖမ်းမိသူ ဦးရေ ၂၆ ဦးအထိ ရှိလာ...

- စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ- စစ်တွေ) ရဲ့ အရေးကြီး ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော် (AA) ကွန်မန်ဒိုတပ်ဖွဲ့က ဇန်နဝါရီ ၉  ရက် မွန်းလွဲပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ နိရဉ္စရာက ဖေါ်ပြ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More