Wednesday, January 28, 2026

ရိုဟင်ဂျာကိစ္စ တရာမျှတမှုရရေးအတွက် ICJ ရုံးရှေ့မှာ ဆန္ဒပြ...


ရိုဟင်ဂျာကိစ္စ တရာမျှတမှုရရေးအတွက် ICJ ရုံးရှေ့မှာ ဆန္ဒပြ...

(၂၈ ဇန်နဝါရီ ၂၀၂၆)

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ နိုင်ငံတကာတရားရုံးမှာ ကြားနာနေတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ရက်နီးလာလေ၊ ဆန္ဒပြမှုတွေ ပိုများလာနေပါတယ်။

စစ်ကောင်စီကို ထောက်ခံအားပေးသူတွေက ဇန်နဝါရီ ၂၇ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ်မှာ ဆန္ဒပြကြတာကိုတွေ့ရပြီး ရိုဟင်ဂျာတွေအပေါ် စာနာအားပေးသူတွေကတော့ ဇန်နဝါရီ ၂၈၊ ဒေသစံတော်ချိန် မွန်းလွဲ တနာရီခန့်က ICJ တရားရုံးရှေ့မှာ ဆန္ဒပြတာ တွေ့လိုက်ရပါတယ်။

ICJ တရားရုံးရှေ့က ဆန္ဒပြပွဲကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။

နှစ်ဖက် ဆန္ဒပြပွဲတွေနဲ့ မနက်ဖန် ဇန်နဝါရီ ၂၉ မွန်းလွဲပိုင်းမှာ ICJ တရားသူကြီးတွေက ဒီအမှုကို ဘယ်လိုဆုံးဖြတ်နိုင်သလဲ... ဝေဖန်သုံးသပ်ချက်ကိုတော့ မနက်ဖန် မနက် ၇ နာရီခွဲမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
---

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More