“ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား မဖြစ်မနေလိုအပ်တယ်လို့ပြောတဲ့ ပါတီတွေလည်း အများကြီးရှိပါတယ်”
- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)
(၃၀ ဇန်နဝါရီ ၂၀၂၆)
“ရွှေ့ပြောင်းလုပ်သားတွေအပေါ် မကောင်းမြင်တဲ့ပါတီက အနည်းစုပါ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား မဖြစ်မနေလိုအပ်တယ်လို့ပြောတဲ့ ပါတီတွေလည်း အများကြီးရှိပါတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED - ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ NGO တွေကို နှိမ်နှင်းမယ်ဆိုပြီး ထိုင်းနိုင်ငံရေးပါတီသစ်တခုက ပြောဆိုလာတဲ့အတွက် မြန်မာ အလုပ်သမားတွေအပေါ် ထိခိုက်မှုရှိနိုင်သလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- မြန်မာအလုပ်သမားတွေနဲ့ ကူညီပေးနေတဲ့ NGO တွေကို နှိမ်နှင်းမယ်ဆိုပြီး ထိုင်းနိုင်ငံရေးပါတီသစ်တခုက ပြောဆိုလာတာ ဘယ်လောက်အထိ စိုးရိမ်စရာရှိသလဲ...
- ဖေဖေါ်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ အဲဒီပါတီ အနိုင်ရနိုင်သလား၊ ဘယ်ပါတီတွေ အနိုင်ရရင် မြန်မာအလုပ်သမားတွေ သက်သာရာ ရနိုင်သလဲ...
- မြန်မာအလုပ်သမားတွေ လုပ်ခွင့်မရှိတဲ့ လုပ်ငန်း ၂၀ ကျော်က ဘာတွေလဲ... အလုပ်အမျိုးအစားပေါ် ဘယ်လိုလေ့လာသင့်သလဲ...
- ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကြားမှာ ပြသာနာနည်းအောင် ဘယ်လို နေထိုင် ကျင့်ကြံသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment