Wednesday, January 14, 2026

ပွိုင့် ၆၆၆ ကုန်းက ထွက်ပြေးစစ်သားတွေ AA ဖမ်းမိ... ဗန်းမော်မှာ KIA စစ်ရှ...


ပွိုင့် ၆၆၆ ကုန်းက ထွက်ပြေးစစ်သားတွေ AA ဖမ်းမိ...  ဗန်းမော်မှာ KIA စစ်ရှိန်ပြန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၅ ဇန်နဝါရီ ၂၀၂၆)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ၃ ရက်ခန့် တိုက်ပွဲငြိမ်နေရာကနေ ရဲတပ်ရင်း(၃၂)နဲ့ သစ်ပုတ်တောင်ဖက်မှာ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ၊ ဒရုန်းအသံတွေ ဇန်နဝါရီ ၁၃ ရက်ညမှာ ပြန်ကြားရတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

အမှတ်(၃၂) ရဲတပ်ရင်း၊ ဒိုးတန်းတောင်၊ ရေနံတောင် ၊တောင်ရှည်တောင်၊ သစ်ပုတ်တောင်တိုက်နယ်ဖက်မှာ တိုက်ပွဲအသံတွေပြန်ကြားလာရတာဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲသံတွေကို ကျောက်ဖြူမြို့ထဲကတောင် ကြားလာနေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင်...

- ပန်းတောင်းမြို့နယ်ရှိ ၆၆၆ ပွိုင့်စခန်းမှာ ရိက္ခာပြတ်လို့ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို လက်နက်တွေနဲ့အတူ AA က ဖမ်းမိထား...

- ဗန်းမော်မြို့စစ်ဆင်ရေးကို ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာ KIA နဲ့ မဟာမိတ်တွေက အရှိန်မြှင့်လိုက်ပြီး စစ်လက်နက်စီမံခန့်ခွဲရေးတပ် စ.စ.န (၆၄၁) တပ်စခန်းအထိ ရောက်လာ...

- မင်းကင်းမြို့နယ်၊ တောင်ယာတောကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅ ဦးသေ...

- ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနဲ့ လက်နက်ကြီး အထိုင်ချထားတဲ့ တာဝါတိုင်စခန်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုန်းနဲ့ တိုက်ရာမှာ စစ်သား ၃ ဦးသေဆုံး...

- သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေ၊ တက်တူကုန်းရွာအနီး ယာယီဂိတ်စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို KNLA က ၂ ရက်ဆိုက် တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၈ ဦးသေဆုံးပြီးနောက် တပ်ပြန်ဆုတ်သွား...

- ဖားအံခရိုင်အတွင်း တာဝန်ကျနေတဲ့ ခမရ- ၅၄၈ က စစ်သားသစ် (ပစ) ၂ ဦးဟာ MA စီးရိး လက်နက်ငယ် ၂ လက်နဲ့အတူ (K.N.L.A) တပ်မဟာ(၇) ထံ ဘက်ပြောင်းခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More