ဂန့်ဂေါမြို့နယ်တိုက်ပွဲ စစ်သား ၄၀ ကျော်သေဆုံး... မုံရွာဖက်လာတဲ့ စစ်ရဟတ်ယာဉ်ကို PDF ပစ်ချ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၁ ဇန်နဝါရီ ၂၀၂၆)
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်တပ်စခန်းတွေ၊ ပျုစောထီးစခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်တပ်နဲ့ ပျု ၄၀ ကျော်သေဆုံး၊ သေနတ် ၈ လက် သိမ်းမိတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
Yawland Operation- စစ်ဆင်ရေးကို ဒီဇင်ဘာ ၂၇ မှာစတင်ခဲ့တာဖြစ်ပြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်တပ်စခန်း၊ ပျုစောထီးစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင်...
- ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၈ ဦးသေပြီး သေနတ် ၃ လက်သိမ်းမိ...
- မုံရွာအခြေစိုက် နမခ စစ်ဌာနချုပ်ဖက် ပျံသန်းလာတဲ့ Mi-17 ရဟတ်ယာဉ်တစီးကို တော်လှန်ရေးတပ်တွေက စက်သေနတ်ကြီးတွေနဲ့ ပစ်ခတ်ရာမှာ ခေါင်းပိုင်းနဲ့ အမြီးပိုင်းကို ထိမှန်ပြီး ပျက်ကျသွားတယ်လို့ မုံရွာခရိုင် အမှတ်(20) တပ်ရင်း BOB (Battalion of Budalin) က ဗွီဒီယို သတင်းထုတ်ပြန်...
- မြစ်ဆုံ ရေကာတာစီမံကိန်း အလိုမရှိကြောင်း ဆန္ဒပြပွဲတခု မြစ်ကြီးနားမှာ ပြုလုပ်...
- ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျု တဦးသေဆုံး၊ သေနတ်တလက် သိမ်းမိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment