Wednesday, January 7, 2026

စစ်တွေနဲ့ ကျောက်ဖြူမှာ AA စစ်ရှိန်မြှင့်... ရွေး-ကော် ဗဟို အဖွဲ့ကို PDF ...


စစ်တွေနဲ့ ကျောက်ဖြူမှာ AA စစ်ရှိန်မြှင့်... ရွေး-ကော် ဗဟို အဖွဲ့ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈ ဇန်နဝါရီ ၂၀၂၆)

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ကို ချင်းပူးပေါင်းတပ်က ပြန်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက် သေဆုံးသူများ၊ ၁၀ ဦးကို လက်ရဖမ်းမိ၊ လက်နက်တွေလည်း သိမ်းမိတယ်လို့ ချင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

ဇန်နဝါရီ ၄ ရက်မှာ ပြန်လည်သိမ်းပိုက်လိုက်တာဖြစ်ပြီး CC - ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-CDM Siyin နဲ့ CB- ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အစောပိုင်းမှာ အရှိန်အဟုန်နဲ့ ထိုးလာတာတွေ့ရပေမယ့် အခုတော့ ချင်းတော်လှန်ရေးတပ်တွေရဲ့ ချေမှုန်းခြင်းကို ခံနေရပြီး ရှေ့မတိုးလာနိုင်အောင် တော်လှန်ရေးတပ်တွေက တားဆီးထားတယ်လို့ CB ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က BNN ကို ပြောပါတယ်။

ဒါ့အပြင်...

- စစ်တွေနဲ့ ကျောက်ဖြူကို AA ထိုးစစ်ဆင်...

-  မြို့သစ်မြို့နယ်ဖက်ထွက်လာတဲ့ ကား ၄ စီးပါး စစ်ကောင်စီ အထူးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၃ စီးထိမှန်၊ ရွေး-ကော် ဗဟိုအရာရှိနဲ့ ရဲမှုူးအပါဝင် ၈ ဦးသေဆုံး၊ သေနတ် ၂ လက် သိမ်းမိ...

- မြင်းခြံခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာအနည်းဆုံး စစ်သား ၁၀ ဦးသေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More