Thursday, January 8, 2026

ရန်ကုန် - ပြည် လမ်းပေါ်ရှိ စစ်တပ်စခန်း PDF ဝင်တိုက်... ကနေဒီတောင် သိမ်းပ...


ရန်ကုန် - ပြည် လမ်းပေါ်ရှိ စစ်တပ်စခန်း PDF ဝင်တိုက်... ကနေဒီတောင် သိမ်းပိုက်မှု သုံ့ပန်း ၂၀ ဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၉ ဇန်နဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေရှိ စစ်ကောင်စီ အထိုင်ချစခန်းတွေကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၄၀ ခန့်အထိသေဆုံးတယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ (၇)ရက်၊ မနက်ပိုင်းမှာ တပြိုင်တည်း ဝင်တိုက်တာဖြစ်ပြီး နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ် ရဲစခန်းသိမ်းပိုက်မှုအတွင်း စစ်သားနဲ့ ရဲ  (၂၀)ထက်မနည်း သေဆုံး၊ ဒဏ်ရာရသူများတယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်၊ ရန်ကုန် - ပြည် အမြန်လမ်းရှိ၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်းနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ စစ်တပ်စခန်းများကို ဝင်တိုက်ရာမှာ စစ်တပ်ဖက်က (၁၀)ဦး သေ‌ဆုံး၊ (၁၀)ခန့် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းမှာစခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး ခဲယမ်းတွေ၊ စစ်အသုံးဆောင်တွေ သိမ်းမိ...

-  မြင်းခြံမြို့အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီး ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေ၊ သေနတ် တလက် သိမ်းမိ...

- တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ကို ချင်း တော်လှန်ရေး ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်တပ်ဖက်က ၁၀ ကျော်သေဆုံး၊ ဗိုလ်မှူးတဦးအပါဝင် ၂၀ ကို လက်ရဖမ်းမိ၊ လက်နက် ၃၀ ခန့်သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More