Tuesday, January 6, 2026

“တဖွဲ့လုံးအကျိုးစီးပွားထက် တဖွဲ့ချင်းအကျိုးစီးပွားကို ဦးစားပေးမိလို့ ၂၀၂...


“တဖွဲ့လုံးအကျိုးစီးပွားထက် တဖွဲ့ချင်းအကျိုးစီးပွားကို ဦးစားပေးမိလို့ ၂၀၂၅ မှာ နည်းနည်း နောက်ပြန်ဆုတ်ရသလိုဖြစ်သွားတယ်”

- ခွန်မြင့်ထွန်း (ဥက္ကဌ- ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)

(၆ ဇန်နဝါရီ ၂၀၂၆)

“တော်လှန်ရေး တခုလုံးရဲ့ အကျိုးစီးပွားထက် တော်လှန်ရေးအဖွဲ့ငယ် တဖွဲ့ချင်းရဲ့အကျိုးစီးပွားကို ဦးစားပေးမိလို့ ၂၀၂၅ မှာ နည်းနည်း နောက်ပြန်ဆုတ်ရသလိုဖြစ်သွားတယ်၊ ဒါကို သင်္ခန်းစားယူပြီး ၂၀၂၆ မှာ စည်းလုံးညီညွတ်မှုအားနဲ့ တစုတစည်းတည်း ဆောင်ရွက်ဖို့လိုတယ်” လို့  ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC- ဥက္ကဌ ခွန်မြင့်ထွန်း က ပြောပါတယ်။

၂၀၂၅ ပြန်ပြောင်းသုံးသပ်ချက်နဲ့ ၂၀၂၆ အပေါ် မျှော်လင့်ချက်အကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၂၀၂၅ မှာ တော်လှန်ရေးဖက်က ဘာတွေအားနည်းခဲ့သလဲ...ဘာကြောင့် နောက်ပြန်ဆုတ်တယ်လို့ ထင်ခဲ့ကြသလဲ...

- ၂၀၂၅ နှစ်ဦးပိုင်းမှာ ဆုံးရှုံးမှုတွေများခဲ့ပေမယ့် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်ရေး-နိုင်ငံရေး တိုးတက်လာတာ ဘာကြောင့်လဲ...

- ၂၀၂၆ မှာကော တော်လှန်ရေးအင်အားစုတွေဖက်က စစ်ရေး-နိုင်ငံရေး ထိုးစစ်ဆင်လုပ်လာနိုင်ခြေရှိသလား...

- နိုင်ငံကြီးတွေရဲ့ စံတန်ဖိုးသတ်မှတ်ချက်ပြောင်းလဲမှုတွေက မြန်မာ့နွေဦးတော်လှန်ရေးကို ဘယ်လို ရိုက်ခတ်မှုရှိနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More