“SRA ဖွဲ့စည်းနိုင်ခြင်းနဲ့အတူ နှစ်ကုန်ပိုင်းမှာ တိုက်ပွဲတွေအရှိန်ကောင်းလာတာကို တိုးတက်မှုအဖြစ် မြင်ပါတယ်”
- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင် - CB)
(၉ ဇန်နဝါရီ ၂၀၂၆)
“နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု - SRA ဖွဲ့စည်းနိုင်ခြင်းနဲ့အတူ နှစ်ကုန်ခါနီးမှာ မကွေးနဲ့ ပဲခူးတိုင်းအတွင်း တိုက်ပွဲတွေအရှိန်ကောင်းလာတာကို တိုးတက်မှုအဖြစ် မြင်ပါတယ်” လို့ ချင်းညီနောင်- CB - ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။
ကုန်လွန်သွားတဲ့ ၂၀၂၅ ကို ၂၀၂၄ နဲ့ယှဉ်ပြောမယ်ဆိုရင် တော်လှန်ရေးဖက်က ခံရတဲ့နှစ်၊ စစ်တပ်ဖက်က ထိုးစစ်ဆင်လာနိုင်တဲ့နှစ်...စတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း၊ တီးတိန်ဖက်က တိုက်ပွဲတွေမှာ ချင်းတော်လှန်ရေးတပ်တွေ အသာစီး ပြန်ရလာနေပြီလား...
- ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောနယ်မှာကော စစ်ရေးအခြေအနေ ဘယ်လိုရှိသလဲ...
- ရှမ်းမြောက်နဲ့ နေရာအချို့မှာ တော်လှန်ရေးဖက်က နောက်ဆုတ်ရတာမျိုးရှိခဲ့ပေမယ့် ချင်းနဲ့ ရခိုင်ဖက်မှာတော့ ရှေ့ဆက်တိုးနေလား...
- SRA ဖွဲ့နိုင်ခြင်းက ၂၀၂၅ ရဲ့ အဓိက တိုးတက်မှုလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(၂၀၂၆ ဟာ Year of NUG ဖြစ်လာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment