“အလယ်အလတ် အင်အားစုနိုင်ငံတွေနဲ့ စူပါ ပါဝါနိုင်ငံတွေကြား အားပြိုင်မှုကို မြင်လာရနိုင်ပါတယ်”
- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၂၂ ဇန်နဝါရီ ၂၀၂၆)
“အမေရိကားမှာ အရင်ကရှိနေတဲ့ အာဏာဖွဲ့စည်းပုံ စနစ်တခုလုံးကို သမ္မတထရမ့်က ဖြိုချလိုက်ပြီဖြစ်တဲ့အတွက် ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေက အုပ်ချုပ်ရေးကို မထိန်းကျောင်းနိုင်တော့ဘူး။ ကမ္ဘာ့အစီစဉ်တွေလည်း ပျက်ကုန်ပြီဖြစ်တဲ့အတွက် အလယ်အလတ်အင်အားစုနိုင်ငံတွေနဲ့ စူပါ ပါဝင်နိုင်ငံတွေကြား အားပြိုင်မှုကို မြင်လာရဖွယ်ရှိနေပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။
ဇန်နဝါရီ ၂၀ မှာ သက်တန်းတနှစ်ပြည့်သွားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တနှစ်တာအတွင်း ဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာ အကဲခတ်တွေက ဘယ်လိုရှုမြင်ကြသလဲ... စသဖြငု့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- သမ္မတထရမ့်လုပ်ဆောင်နေပါတယ်ဆိုတဲ့ တော်လှန်ရေးဆိုတာကို အကဲခတ်တွေက ဘယ်လိုရှုမြင်ကြသလဲ...
- ဥပဒေပြုရေး- တရားစီရင်ရေး- အုပ်ချုပ်ရေး ဆိုတဲ့ မဏ္ဍိုင် ၃ ရပ် အပြန်အလှန်ထိန်းကျောင်းရေးအခြေခံ အမေရိကန်မှာ ပျက်သွားပြီလား...
- အလယ်အလတ်အင်အားစုနိုင်ငံတွေစုပေါင်းပြီး သမ္မထရမ့်ရဲ့ ရမ်းကားမှုကို ပြန်လည်ထိန်းကျောင်းနိုင်ခြေရှိရဲ့လား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ရွေးကောက်ပွဲအတုကနေ ထွက်ပေါ်လာမယ့် ကြံံခိုင်ရေးပါတီအစိုးရကို သမ္မတထရမ့် အစိုးရက အသိအမှတ်ပြုနိုင်ခြေရှိသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment