Monday, November 3, 2025

“TNLA က နောက်ဆုတ်လိုက်တာနဲ့ အဲဒီနယ်မြေကြီးတခုလုံးကို စစ်တပ်က ပြန်ရသွားတဲ...


“TNLA က နောက်ဆုတ်လိုက်တာနဲ့ အဲဒီနယ်မြေကြီးတခုလုံးကို စစ်တပ်က ပြန်ရသွားတဲ့ခေတ်မျိုး မဟုတ်တော့ဘူး”

- ရဲဘော်သံခဲ (ဥက္ကဌ - ABSDF)

(၃ နိုဝင်ဘာ ၂၀၂၅)

“TNLA က နောက်ဆုတ်လိုက်တာနဲ့ အဲဒီနယ်မြေကြီးတခုလုံးကို စစ်တပ်က ပြန်ရသွားတဲ့ခေတ်မျိုး မဟုတ်တော့ဘူး၊ အရင်ခေတ် အပစ်ရပ်ကာလ ABSDF အခြေအနေနဲ့ ဒီနေ့ PDF အခြေအနေက လုံး၀ မတူတော့ဘူး၊ စစ်ကွက်တွေကို အရင်လို ဘောင်ခတ်ထားလို့ မရတော့ဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောပါတယ်။

ERO အဖွဲ့တခုခု အပစ်ရပ်လိုက်ရင် အဲဒီနယ်မြေတွင်းရှိ PDF တွေ ပိတ်မိသွားနိုင်သလား၊ အရင် ၉၀ ပြည့်လွန်နှစ်တွေက ERO တွေအပစ်ရပ်စဉ် ABSDF ကြုံရသလိုမျိုး ဒီနေ့ PDF ကြုံရနိုင်သလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ABSDF ၃၇ နှစ်ပြည့်မွေးနေ့ အခမ်းအနားတွေ ဘယ်လိုကျင်းပခဲ့သလဲ၊ ၃၇ နှစ်တာ ဖြတ်သန်းမှုကို ဘယ်လိုအကဲဖြတ်ထားသလဲ...

- နွေဦးတော်လှန်ရေး ၅ နှစ်တာအတွင်း ABSDF နဲ့  PDF တွေ၊ ERO တွေ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်နေသလဲ...

- ERO တွေ အပစ်ရပ်လိုက်ရင် ၁၉၉၀ ပြည့်လွန်နှစ်တွေက ABSDF ကြုံရသလိုမျိုး ဒီနေ့ PDF ကြုံလာရနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ABSDF နဲ့  PDF တွေ၊ ERO တွေ ပူးပေါင်းပြီး တော်လှန်စစ်ကို ဘယ်လိုအရှိန်မြှင့်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More