Thursday, November 13, 2025

နေပြည်တော်အနီးက အမြန်လမ်းဂိတ်စခန်း PDF ဝင်တိုက်... DKBA ကို အမေရိကန် သတိ...


နေပြည်တော်အနီးက အမြန်လမ်းဂိတ်စခန်း PDF ဝင်တိုက်...  DKBA ကို အမေရိကန် သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ... 

(၁၄ နိုဝင်ဘာ ၂၀၂၅)

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်_ မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၃၉)ရှိ စစ်ကောင်စီ  “လေးက” တံတားစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ဗိုလ်ကြီးတဦး ဒဏ်ရာရတယ်လို့  နေပြည်တော်တပ်ကုန်း PDF တပ်ရင်း အမှတ် (၈၀၃) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁၊ ည ၁၀ နာရီခန့်မှာ ဝင်တိုက်တာဖြစ်ပြီး တိုက်ပွဲအချိန် မိနစ် ၃၀ ခန့်ကြာတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ဖရူဆိုမြို့နယ်နဲ့ ဘောလခဲ မြို့နယ် ကြားဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ဒေသခံ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- မြိတ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ မောတောင်မှာ ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲ၊ ထိုင်းဖက်ထွက်ပြေးသူ ၃ ထောင်ဝန်းကျင်အထိ ရှိလာနေ...

- နေပြည်တော်ဒေသတွင်း တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား -ပစ- စစ်မှုထမ်းတပ်သားသစ်တဦးဟာ ဒရုန်းဂန်း (၁)လက်၊ စကားပြောစက် ၂ လုံး၊ ခဲယမ်းတွေနဲ့အတူ နေပြည်တော်- ပကဖ ထံ ခိုလှုံ...

- ဖားကန့်မြို့မှာ တပ်စွဲထားတဲ့ ခမရ ၃၈၅ က ပစ ၂ ဦးဟာလည်း MA သေနတ် ၂ လက်နဲ့အတူ KIA ကချင့်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေထံ ဘက်ပြောင်းခိုလှုံလာပြီး ဆုငွေ သိန်း ၃၀ ချီးမြှင့်...

- ကျားဖြန့် လုပ်ငန်းမှာပါဝင်ပြီး အမေရိကန်နိုင်ငံသားတွေကို ငွေလိမ်မှုအတွက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နဲ့ ခေါင်းဆောင် ၄ ဦးကို အမေရိကန်က အရေးယူ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More