Friday, November 14, 2025

မောတောင်မြို့သိမ်းတိုက်ပွဲ ... ပဒိုစောအယ်နားနှင့် မေးမြန်းချက်


မောတောင်မြို့သိမ်းတိုက်ပွဲ ... ပဒိုစောအယ်နားနှင့် မေးမြန်းချက်

(၁၄ နိုဝင်ဘာ ၂၀၂၅)

တနသာၤရီတိုင်း၊ မြိတ်ခရိုင် ထိုင်း-မြန်မာ နယ်စပ်အဓိကကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်ကို သိမ်းပိုက်နိုင်တာဟာ တော်လှန်ရေးတပ်တွေရဲ့ စည်းလုံးညီညွတ်မှု၊ လူထုရဲ့ ထောက်ခံမှုတွေကြောင့်ဖြစ်တယ်၊ စည်းလုံးမှုရှိရင် အောင်မြင်မှုကြီးကြီးမားမားရတယ်ဆိုတာ မောတောင်မြို့သိမ်းတိုက်ပွဲက သက်သေပြနေတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ ကပြောပါတယ်။

နိုဝင်ဘာ ၁၄ မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မောတောင်မြို့ကို ဘယ်လိုသိမ်းပိုက်လိုက်သလဲ...

- စစ်ကောင်စီဖက်က အကျအဆုံး၊ ဖမ်းမိ၊ သိမ်းမိလက်နက်များအခြေအနေ...

- တော်လှန်ရေးဖက်က ပါဝင်တဲ့ တပ်ဖွဲ့များ အခြေအနေ...

- မောတောင်မြို့အုပ်ချုပ်ရေး ဘယ်လိုတာဝန်ယူဆောင်ရွက်မလဲ...

- စည်းလုံးမှုရှိရင်ရှိသလောက် အောင်မြင်မှုကြီးကြီးမားမားရနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More