Saturday, November 15, 2025

“ကိုယ့်ဖက်က တမြို့နှစ်မြို့ပေးလိုက်ရတာကိုချည်း မကြည့်နဲ့၊ စစ်တပ်ဖက်က စစ်...


“ကိုယ့်ဖက်က တမြို့နှစ်မြို့ပေးလိုက်ရတာကိုချည်း မကြည့်နဲ့၊ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်နေတာတွေလည်း အများကြီး”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - CB)

(၁၆ နိုဝင်ဘာ ၂၀၂၅)

“တရုတ်ဖိအားကြောင့် ကိုယ့်ဖက်က တမြို့နှစ်မြို့ပေးလိုက်ရတာကိုချည်း မကြည့်နဲ့၊ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်နေတာတွေလည်း အများကြီးရှိနေတယ်၊ လက်နက်ကိုင်တော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ရေးပီသအောင် လုပ်ကြဖို့ပဲ အရေးကြီးတယ်” လို့ ချင်းညီနောင် CB ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

တရုတ်ဖိအားကြောင့် TNLA နဲ့ MNDAA တို့က မြို့အချို့ပြန်ပေးလိုက်ရတာ၊ အခုနောက်ဆုံး မိုးကုတ်-မိုးမိတ် ပြန်ပေးရမှာဆိုတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ချင်းတောင်တန်းပေါ် စစ်ကောင်စီရဲ့ ထိုးစစ်ဆင် နောက်ဆုံးအခြေအနေ...

- မိုးကုတ်-မိုးမိတ်ကနေ TNLA တပ်တွေ ဆုတ်ပေးရမယ့်အပေါ် နွေဦးတော်လှန်ရေးလူငယ်တွေက ဘယ်လိုရှုမြင်ထားသလဲ...

- လက်နက်ကိုင်တော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ရေးနဲ့တူအောင် လုပ်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသလဲ...

- လူထုရဲ့ ယုံကြည်ချက်- ဆန္ဒတွေကို ကာကွယ်ဖို့၊ အကောင်ထည်ဖေါ်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အခု မေးမြန်းချက်ဟာ မောတောင်မြို့သိမ်းတိုက်ပွဲမဖြစ်ခင် နိုဝင်ဘာ ၁၁ က မေးမြန်း ထားချက်ရဲ့ ဒုတိယ ပိုင်းဖြစ်ပါတယ်)။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More