Tuesday, November 18, 2025

ချင်းတောင်တိုက်ပွဲ စစ်သား ၁၀၀ ခန့်အထိသေဆုံး... မုံရွာမြို့နယ်က ရဲစခန်း ...


ချင်းတောင်တိုက်ပွဲ စစ်သား ၁၀၀ ခန့်အထိသေဆုံး...  မုံရွာမြို့နယ်က ရဲစခန်း PDF ဝင်တိုက်...
နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၉ နိုဝင်ဘာ ၂၀၂၅)

ချင်းပြည်နယ်နဲ့ စစ်ကိုင်း-မကွေး ဆက်စပ်ဒေသတွေဖြစ်တဲ့ ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ဖက်က ဗိုလ်မှူးအဆင့်အပါဝင် ၁၀၀ ခန့်အထိသေဆုံးပြီး လက်နက်ခဲယမ်းများစွာသိမ်းမိတယ်လို့ ချင်းတော်လှန်ရေးတပ်တွေကို ကိုးကားပြီး ခိုနူမ်းသုန်က ဖေါ်ပြပါတယ်။

ချင်းလဲန်းအစိုးရ (CC) က စစ်ကြောင်း (၁) ကြောင်း၊ ချင်းညီနောင်အဖွဲ့ (CB)က ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF) ၊ PDF – Zoland တို့ပူးပေါင်းပြီး ဝေဘူလဖက်ကနေ ဖလမ်းဖက် ထိုးလာတဲ့နေတဲ့ စစ်ကောင်စီစစ်ကြောင်း၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြားက စစ်ကောင်စီ စစ်ကြောင်းတွေကို တိုက်ခိုက်နေတယ်၊ 

ကလေးနဲ့ ဂန့်ဂေါဖက်မှာလည်း CC နဲ့ မဟာမိတ်တွေ ပူးတွဲပြီး စစ်ကောင်စီကို တိုက်ခိုက်နေတယ်၊ အဲဒီတိုက်ပွဲ ၄ နေရာမှာ စစ်တပ်ဖက်က အခုလို သေဆုံးတာဖြစ်တယ်လို့ ချင်းလဲန်းအစိုးရရဲ့ ကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင်...

-  မုံရွာမြို့နယ်၊ သာစည်ရွာ-နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ရဲ ၄ ဦးသေဆုံး...

- တောင်သာမြို့နယ် မြင်းခြံ-ညောင်ဦး- ပခုက္ကူ လမ်းပိုင်းရှိ တမိုက်သာရွာ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ ပျု ၈ ဦးသေ၊ ၇ ဦးဒဏ်ရာရ...

- ပူတာအို-ဆွမ်ပရာဘွမ် လမ်းပေါ်ရှိ တန်ဂျာကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ထိခိုက်မှုများစွာနဲ့ တပ်ပြန်ဆုတ်သွား...

- ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ စောရွှေမောင်းတို့ကို အဖွဲ့အစည်းကနေ ထုတ်ပယ်လိုက်တယ်လို့ KNU ကြေညာ...

- မူးမြို့နယ်အတွင်း တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားသစ် ပြည်သူ့စစ်မှုထမ်း (ပစ) ၃ ဦး လက်နက်မပါပဲ (K.N.L.A) တပ်ရင်း (၈) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More