Thursday, November 27, 2025

“စစ်ကောင်စီရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြ...


“စစ်ကောင်စီရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြုပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG)

(၂၇ နိုဝင်ဘာ ၂၀၂၅)

“စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ထိုင်းဖက်က ရပ်တည်ချက် ထုတ်ပြောလာတာကို လေးစားအသိအမှတ်ပြုပါတယ်၊ အာဆီယံအပါဝင် နိုင်ငံတကာအစိုးရတွေက ဒီရွေးကောက်ပွဲအပေါ် လက်မခံရေး ကျမတို့ကြိုးစားဆောင်ရွက်နေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ ပြောဖို့အလွန်ခက်မယ့်အခြေအနေရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောလာတာ အပါဝင် လက်ရှိ နိုင်ငံတကာအစိုးရတွေရဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် သဘောထားတွေ ဘယ်လိုရှိသလဲ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သြစတေလျနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှု ဘာတွေ ထူးခြားသလဲ...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့ နယူးဇီလန်နိုင်ငံက ပြောဆိုမှုအကြောင်း...

- အာဆီယံ အဖွဲ့ဝင်ဖြစ်သွားတဲ့ အရှေ့တီမောနိုင်ငံရဲ့ NUG အပေါ် သဘောထား...

- အိမ်နီးချင်း ထိုင်းကတောင် ထုတ်ဖေါ်ပြောဆိုလာရတယ်ဆိုတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအခြေအနေ ဘယ်လောက်အထိ ဆိုးနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထာားပါတယ်။

(အမေရိကန်အစိုးရရဲ့ သဘောထားပြောင်းလဲမှု၊ မိုးကုတ်-မိုးမိတ်ဒေသ PDF တွေရဲ့ အခြေနေအကြောင်း ဆွေးနွေးချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More